အဝါရောင် စက္ကူတွေအပြည့်ထည့်ထားတဲ့ luggage အိတ်တစ်အိတ်က သူ့မျက်စိရှေ့တည့်တည့်တွင် တည်ရှိနေသည်။ အပေးအယူလုပ်ထားတဲ့သူဟာလဲ စိတ်ကျေနပ်မှုရှိသည်မို့ ထိုအိတ်ကသူ့လက်ထဲရောက်လာဖို့ အချိန်ဘယ်လောက်မှမလိုတော့။
တစ်ဖက်သူမှာ မျက်ခုံးကိုပင့်တင်ကာကြည့်ရင်း အိတ်ကို လက်လွှဲပေးလျက်
"ကိုယ်တွေရဲ့ Daniel က ဘယ်ဆိုးလို့တုန်း။ ပစ္စည်းက ချောချောမွေ့မွေ့ရောက်သွားပြီမို့ တာဝန်ကျေတယ် dude"
သည်အပိုင်းက သူကျွမ်းကျင်သည့်အလုပ်ဖြစ်သည်မို့ Daniel ဘက်က ဘာမှပြန်မပြောပဲ ရယ်ပဲရယ်နေလိုက်သည်။ ထို့နောက် အိတ်ကိုယူဖို့လုပ်တော့ တစ်ဖက်သူက ခဏတွန့်ဆုတ်သွားပြီး
"ခိုးတော့ မခိုးခဲ့ဘူးမို့လား"
ထိုလူရဲ့ မေးခွန်းကို Daniel တို့က အော်တောင်ရယ်လိုက်ချင်သည်။ သူ့ client ရဲ့ပစ္စည်းဆို ဘာနေနေဂရုမစိုက်တဲ့သူကိုမှ လာမေးရဲသည်လားတော့မသိ။
ဒီတစ်ခေါက်လဲ ဘိန်းတွေအရောင်းအဝယ်လုပ်သည့်အကြောင်းကို သူသိထားပေမဲ့ သူ့ကိစ္စက ပစ္စည်းပို့ပေးပြီးရင် ပို့ခယူရုံပဲမို့ မဆိုင်သလိုထားလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် Danielမှာ နှာခေါင်းကိုရှုံ့လိုက်ပြီး ပါးစောင်ကိုလျှာနှင့်ထိုးကာ ခပ်တိုးတိုးပြောလိုက်သည်။
"အော် ဆေးပြားတွေလား..."
"......."
"WYတွေလေ" "ကျွန်တော်ပြောတာမှန်တယ်မဟုတ်လား"
သူပြောလိုက်သည့်စကားကြောင့် တစ်ဖက်သူမှာ မျက်လုံးပြူးမျက်စံပြူးဖြစ်သွားသည်မို့ သူ့မျက်နှာခပ်ချောချောပေါ်တွင် ဂုဏ်ယူတဲ့အပြုံးမျိုးပေါ်လာ၏။
ကြေးစားအလုပ်ကို သူ့အသက် ၁၈နှစ်ကတည်းက လုပ်လာခဲ့တာလေ။ ထုပ်ပိုးမှုပုံစံနှင့် အလေးချိန်ကိုကိုင်ကြည့်ရုံတင် ဘာပစ္စည်းဖြစ်မလဲဆိုတာ ၈၀ရာခိုင်နှုန်းလောက်ကတော့ သိပြီးသား။
"အထုပ်က ၃၀၀ဂရမ်တောင် လေးနေတာ"
"WYက တစ်ပြားကို ၃ဂရမ်မဟုတ်လား....အဲ့တော့ အပြား ၃၀၀ကွက်တိ"
"လာယူတဲ့သူကလဲ သုံးယောက်၊ ပို့ရတာက တစ်လတစ်ခါဆိုတော့ တစ်ယောက်ကို အပြား ၁၀၀၊ တစ်နေ့ ၃ပြားနှုန်း သုံးတယ်...."
"ကျွန်တော်ပြောတာ ဟုတ်တယ်မို့လား~"
YOU ARE READING
Unforgiven
Fanfiction"Daniel...မောင့်ကိုကြည့်ပါဦး" "......" "မောင့်ကို ချစ်နေသေးတယ် မဟုတ်လား"