"ကျွီ.........ဒုန်း"
ရှေ့ကပုံခနဲ လဲကျသွားတဲ့ မိန်းကလေးဆီ
သူအပြေးလေးသွားထူမိတယ်။
ဘာပဲဖြစ်ဖြစ် သူ့ကြောင့်ပဲလေ။"အဆင်ပြေရဲ့လား တောင်းပန်ပါတယ်ဗျာ
ကျွန်တော်က လမ်းအကွေ့မှာမကြည့်မိလိုက်တာ""ရပါတယ်ရှင် ဒီဘက်ကိုဖြတ်အကူးမှာ
ဘေးမကြည့်မိတာဆိုတော့
ခင်ကလည်းနမော်နမဲ့နိုင်သွားတာပါ"သူ့ကိုခေါင်းမော့ကြည့်ရင်း
ပြောလာသော ထိုမိန်းကလေး။
မျက်ဝန်းနက်တွေကြောင့် သူ့ရင်ထဲဒိန်းခနဲ။
ကြာကြာကြည့်မိရင် ထိုမျက်ဝန်းများကြား
နစ်မြုပ်သွားတော့မယောင် ထင်ရသည်။'ခင်'တဲ့။ မျက်ဝန်းနက်လေး နာမည်က 'ခင်' တဲ့။
သူ့ဦးနှောက်တွင်သာမက နှလုံးသားထဲပါ
စွဲနေအောင် မှတ်ထားလိုက်သည်။"ဟို အကို.....ရှင့်"
'ခင်'ကအသံပြုတော့မှ အသိစိတ်ဝင်လာသည်။
သူအငေးလွန်သွားသည်ထင်ရဲ့။
ခင့်ပါးအို့လေးတွေမှာ ရှက်သွေးဖြန်းလို့....။"ဩော ဟုတ် ဟုတ်ကဲ့ဗျ ထလို့ရလားဟင်
ကျွန်တော်ထူပေးမယ်လေ အဆင်ပြေရင်
ဆေးခန်းလိုက်ပို့ပေးလို့ရမလားဗျ ""ဟုတ် ရပါတယ် ခင်လမ်းလျှောက်လို့ရပါတယ် အာ့"
အဆင်ပြေသည်ပြောသော်လည်း
ခြေထောက်ကပြန်ညွှတ်ကျသွားသဖြင့်
အဆင်မပြေမှန်းသိသာသည်။"ကျွန်တော်ကဝင်တိုက်မိတာပဲ အားနာလို့ပါဗျာ
မဟုတ်ရင် ကျွန်တော်စိတ်ဖြောင့်မယ်မထင်ဘူး
ဆေးခန်းလိုက်ပို့ပါရစေ""ဟုတ်ကဲ့ အဲ့တာဆိုလည်း ကူညီပေးပါဦးရှင်"
ခင်ကမငြင်းသောကြောင့် သူပျော်သွားသည်။
ခင့်ကို သူ့ဆိုင်ကယ်ပေါ်တင်ပြီး
နီးစပ်ရာဆေးခန်းကို လိုက်ပို့ပေးလိုက်သည်။
ဆေးဖိုးပါ သူကရှင်းပေးခဲ့တော့ အားနာနာဖြင့်
ခင်ကသူ့ကို ကျေးဇူးတင်သည်။နှုတ်ဆက်ရင်း ပြုံးပြလိုက်သော
အပြုံးလေးကို သူ့အိမ်ပြန်ရောက်သည်အထိ
ထပ်ခါထပ်ခါ မြင်ယောင်နေသည်။