Ch -46.1

1.8K 209 2
                                    

အခန်း ၄၆ အပိုင်း ၁

နဥ်ယွမ်မှူးမတ်က သူ၏သေဆုံးခြင်းကို အတုလုပ်ရန်မှအပ ရွေးချယ်စရာ မရှိခဲ့ပေ။ ဤကိစ္စနှင့် ပတ်သက်လာသောအခါ အရှင်မင်းမြတ်၏အမိန့်အတိုင်း ဆောင်ရွက်ရပြီး သူက ဘုရင်မင်းမြတ်၏ဆန္ဒနောက်သို့ အဆုံးတိုင်အောင် လိုက်ခဲ့ရလေသည်။

နှောင်းဧကရာဇ်က ကောင်းကျူ(ကွယ်လွန်သူ ဘိုးဘေးဧကရာဇ်၏ဘွဲ့အမည်)၏ တိသားဖြစ်ပြီး သူ့အထက်တွင် ရှုအစ်ကိုတော်တော်တစ်ဦးရှိသည်။ တော်ဝင်မိသားစုရှိ ညီအစ်ကိုအားလုံးက ဖခင်ထံမှ မျက်နှာသာရပြီး တရားဝင် အာဏာများလည်းရရှိခဲ့ကြသည်။ အထူးသဖြင့် သားအကြီးဆုံးဖြစ်သော ရှုအစ်ကိုတော်ဖြစ်သည်။

(နှောင်းဧကရာဇ်- ကွယ်လွန်သူ ဧကရာဇ်။ တိသား- တရားဝင်သား (ဧကရီ၊ ပင်မဇနီး၊ တရားဝင်ဇနီး စသည်တို့မှ မွေးဖွားသူ)။ ရှုသား -တရားမဝင်သား (ကိုယ်လုပ်တော်၊ မောင်းမ စသည်မှ မွေးဖွားသူ)

နှောင်းဧကရာဇ် ရာဇပလ္လင်ပေါ် မရောက်မီ၊ ရှုမင်းသားဖြစ်သော မင်းသားဝူက နှောင်းဧကရာဇ်က သာမာန်လူညံလူဖျင်း တစ်ယောက်သာဖြစ်ပြီး တော်ဝင်ထီးနန်းကို ဆက်ခံရန် အရည်အချင်းမရှိဟု စွပ်စွဲခဲ့သည်။ ကောင်းကျူထံမှ ထိုအရာကို သက်သေခံနိုင်သော သေတမ်းစာတစ်စောင်ကိုလဲ ထုတ်ပြခဲ့သည်။

နှောင်းဧကရာဇ်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သော်လည်း ကျောက်စိမ်းတံဆိပ်ကို ခိုးယူရန် နန်းတော်တွင် အရင်ထဲက သူလျှိုတစ်ဦးရှိနေသည်ကို သူ မသိခဲ့ပေ။ နောက်ပိုင်းတွင် မင်းသားဝူက ပုန်ကန်ခဲ့ပြီး ပုန်ကန်မှု ကျရှုံးခဲ့သော်လည်း ကျောက်စိမ်းတံဆိပ်ကို မည်သည့်နေရာတွင် ဝှက်ထားသည်ကို မပြောဘဲ သေဆုံးသွားခဲ့သည်။ မင်းသားဝူတွင် သားလေးယောက်ရှိပြီး တိသား နှစ်ဦးနှင့် အခြားတစ်ဦးကိုသာ ရှာတွေ့ခဲ့သည်။ အခြားရှုသားတစ်ဦးကို မည်သည့်နေရာတွင်မှ မတွေ့ခဲ့ရပေ။ ဖြစ်နိုင်တာက ကျောက်စိမ်းတံဆိပ်က မင်းသားဝူ၏ ထိုသားတော်လက်ထဲတွင် ရှိနေနိုင်သည်။

တရားဝင်တံဆိပ်တစ်ခုပဲဆိုရင် ပျောက်ဆုံးသွားလဲ အဆင်ပြေနေသေးသည်။ ဧကရာဇ်အသစ် နန်းတက်သောအခါ တံဆိပ်ကို အစားထိုးနိုင်သည်။ သို့သော် ကောင်းကျူက ထိုတရားဝင်တံဆိပ်တွင် ယခင်မင်းဆက်ထံမှ ရတနာမြေပုံတစ်ခုကို ဝှက်ထားကြောင်း ပြောကြားခဲ့သည်။ ယခင်မင်းဆက်၏ဧကရာဇ်မင်းသည် သူ့အခြေအနေမကောင်းမှန်းသိကာ သူ၏လူများကို တိုင်းပြည်ဘဏ္ဍာများကို သယ်ထုတ်ကာ ဝှက်ထားရန် အမိန့်ပေးခဲ့သည်၊ သို့မှသာ သူ့၏နောင်လာနောက်သား မျိုးဆက်များက ပြန်လည်ထူထောင်ရန် အရင်းအနှီးဖြစ်လာနိုင်မည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now