Extra 5

1.6K 103 6
                                    

Unicode
................

လရောင်ချို အလုပ်ဆင်းတာ နှစ်လကျော်၊ သုံးလလောက်ရှိနေလေပြီ။ ပြည့်စုံဆိုတဲ့ လူကြီးကလည်း သူ့ကိုချစ်တယ်ပြောပြီး ပလစ်သွားပြီထင်သည်။ ခုတော့အဲ့ဘဲကြီးဆီက တင်ကျန်နေတဲ့ အကြွေးတွေဆပ်ရန်သာ အလုပ်ကြိုးစားနေမိသည်။

အထည်ဆိုင်လေးတစ်ခုမှာ အရောင်းဝန်ထမ်းရာထူးရခဲ့သည်။ လရိပ်ချိုတို့အိမ်မှာလည်း ကပ်မနေချင်တော့တာမို့ သူမြို့ထဲတစ်နေရာမှာ အိမ်ငှားနေခဲ့သည်။ လရိပ်က အိမ်ဝယ်ပေးမယ်ပြောပေမဲ့ သူငြင်းခဲ့သည်။

လရိပ်အပေါ် ဒီထက်ဝန်မပိစေချင်တော့ပါ။ ယခင်က သူအပေါ်​ပြုလုပ်ခဲ့သည့် ဆင်းရဲခြင်းဒုက္ခတွေကိုလည်း နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ခဲ့ရဖူးပြီမို့ပင်။

သူအလုပ်လုပ်ရာဆိုင်လေးက ကုန်တိုက်ကြီးထဲတွင် ဖွင့်ထားတာမို့ စျေးဝယ်သူများလည်း စည်ကားလို့နေသည်။ ကုန်တိုက်ဖြစ်တာနှင့်အညီ Branded ဆိုင်တွေသာများပြီး ရိုးရိုးBranded မဟုတ်တဲ့အထည်ဆိုင်တွေလည်း အနည်းငယ်ရှိသည်။

လရောင်တို့ဆိုင်ကတော့ အစုံတင်ကြသည့်ဆိုင်ပါ။ ပြည်တွင်းအထည်ဒီဇိုင်းများပြီး စျေးနှုန်းလည်းအသင့်အတင့်ရှိတာကြောင့် ဝယ်သူလည်းအနည်းနှင့်အများတော့ရှိလေသည်။

ယခုဆိုင်မန်နေဂျာမှ သူတို့အရောင်းဝန်ထမ်းသုံးယောက်ကို လူစုခိုင်းထားပြီး အသစ်ဝင်လာမည့်အထည်တွေကို နေရာချထားရန် မှာကြားလို့နေသည်။

''ဒီတစ်ခေါက်အထည်တွေက ပြည်တွင်းbrand ဒီဇိုင်းတွေနော်။ ဒီဇိုင်နာ Andy ရဲ့လက်ရာတွေမို့ သေချာလေးကိုင်တွယ်ပေးပါ။''

''ဟုတ်ကဲ့x3''

ဒါကတော့ လကုန်ခါနီးတိုင်း အသစ်ရောက်လာတဲ့အထည်တွေကို နေရာချရတာ ပုံမှန်ပင်ဖြစ်လို့နေပြီ။ အထည်အသစ်ကို ဖန်ပေါင်းချောင်ထဲက အရုပ်မတွေ ကိုယ်ပေါ်သို့ပြောင်းလဲပေးရပြီး ဝယ်သူကိုစိတ်ဝင်စားလာအောင် ပြသထားရသည်။

အခုအသစ်ရောက်လာတဲ့အထည်တွေက အတော်ကိုကြည့်ကောင်းပါသည်။ ဒီဇိုင်နာအင်္ကျီမို့လားမသိ လရောင်ပင်အတော်သဘောကျလို့နေသည်။ အင်္ကျီအသားလေးကလည်း ချည်သားကိုမှ နူးညံ့အိစက်နေပြီး ဝတ်လိုက်ရင်အေးမြသွားမည်မှာအမှန်ပင်။

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedWhere stories live. Discover now