◾1◾

25.4K 1K 74
                                    

(Unicode)

သာယာငြိမ့်ညောင်းသော ဂီတာသံဟာ အခန်းတွင်းဝယ် အရမ်းလည်းမတိုး အရမ်းလည်းမကျယ်၊ ပုံမှန်နားဝင်ပျော်ရုံအသင့်အတင့်မျှ စီးဆင်း‌ထွက်ပေါ်လာသည်။

အခန်းထဲမှာ တစ်ယောက်တည်းရှိသော်လည်း မိမိရှေ့တွင် ပရိတ်သတ်ပေါင်းများစွာရှိသည့် စတိတ်စင်ပေါ်ရောက်နေသည့်အလား ချိုသာသောအသံနှင့် သေချာစိတ်နှစ်ကာ သီချင်းဆိုရင်း၊ လက်ချောင်းလေးများကလည်း ဂီတာပေါ်မှာဖြတ်ပြေးနေပုံက အလွန်ကို professional ဆန်မှန်း သိသာလှသည်။

စိတ်နှစ်ပြီး သီဆိုနေတုန်း အခန်းတံခါးခေါက်သံသဲ့သဲ့ကို ကြားလိုက်ရသဖြင့် ချက်ချင်း သွေးကြောလေးများ‌ထောင်သွားကာ သီချင်းဆိုခြင်းကို ရပ်တန့်လိုက်ပြီး လက်ထဲက ဂီတာကို ကုတင်အောက်သို့ ပစ်ထည့်ကာ ဖွက်လိုက်မိ၏။ နောက်မှ ဘာမှမဖြစ်သည့်ဟန်နဲ့ အခန်းတံခါးကို အသာ သွားဖွင့်ပေးလိုက်တော့သည်။

တံခါးဖွင့်လိုက်သည်နှင့် သေသေသပ်သပ်ဝတ်စားထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်။ သူဟာ ဒီအိမ်ရဲ့ အိမ်တော်ထိန်းပင်။

"သခင်လေး.. ညစာအဆင်သင့် ဖြစ်ပါပြီ"

"ဟုတ်ပြီ ခဏနေရင် ကျွန်တော်ဆင်းလာခဲ့မယ်"

ဘာမှရိပ်မိဟန်မတူသော အိမ်တော်ထိန်းကြောင့် ‌စိတ်အေးသွားကာ သက်ပြင်းတစ်ချက်ချလိုက်မိ‌၏။ ပြီးမှ ဝတ်ထားသော တီရှပ်အဖြူပေါ်သို့ အ‌နွေးအင်္ကျီပါးပါး အနက်တစ်ထည်ထပ်ဝတ်ပြီး အောက်ထပ် ထမင်းစားခန်းဆီသို့ ဦးတည်လာခဲ့သည်။ ထမင်းစားပွဲဝိုင်းသို့အရောက် အဖေဖြစ်သူဟာလည်း အခန်းထဲသို့ ဝင်လာပြီဖြစ်၏။

နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီးသည်နှင့် အိမ်ဖော်များက တစ်ယောက်ချင်းစီ စားစရာများကို သေသပ်မြန်ဆန်စွာ ချပေးလာကြတော့သည်။

"ဂျွန်ဂျောင်ဂု"

အဖေဖြစ်သူ၏ ခေါ်သံကြောင့် ဂျောင်ဂု ခေါင်းထောင်ကြည့်လိုက်မိ၏။

"ငါဂီတာသံကြားတယ်"

"ကျွန်တော်မတီးပါဘူး အဖေနားကြားမှားတာ"

You Fill My Heart [Completed]Where stories live. Discover now