မနက် ကုမ္ပဏီကိုသိချင်စိတ်အပြည့်နဲ့ရောက်ရှိလာတဲ့ ကိုယ်တော် Jung Hoseok ကိုညကကိစ္စရှင်းပြရပါသေးတယ်..သူအဲ့ကောင်လေးနဲ့ဆုံတာ၂ခေါက်လောက်ရှိပြီဖြစ်ကြောင်း....၊အဲ့ကောင်လေးကိုတွေ့လိုက်တိုင်းပါးစပ်က 'ညီ'ဆိုပြီး auto ခေါ်, ခေါ်မိနေကြောင်းရှင်းပြရပါသေးတယ်။ အဲ့တော့မှဇာတ်ရည်လည်သွားတဲ့ကိုယ်တော်ကိုအလုပ်အကြောင်းတွေဆက်ပြောပြပြီး ပစ္စည်းဒီဇိုင်းတွေဆွဲတဲ့ထုတ်လုပ်တဲ့အပိုင်းမှာဦးစီးဖို့ရောပေးလိုက်ပီးလိုအပ်ရင်လိုအပ်သလိုသူ့အတွင်းရေးမှူးအနေနဲ့ပါလုပ်ပေးဖို့နေရာပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့အပက်ကရွေ့ခဲ့တဲ့ Jeon Group နဲ့စာချုပ်ကမနက်ဖြန်ချုပ်မယ်ဆိုပြီးသူတို့ဘက်ကဆက်သွယ်လာပါတယ်။ ဒီတခါဥက္ကဌကိုယ်တိုင်ဆက်သွယ်လာတာမို့သူပိုပြီးတလေးတစားဆက်ဆံမိပါတယ်။ ပွဲကညပိုင်းdinner ဖြစ်ပြီး Hoseok နဲ့ဒီဘက်ကတာဝန်ရှိသူအဆင့်ဆင့်တဲ့တက်ရောက်သွားမှာပါ။သူအပါအဝင်ပေါ့။
..........................................................လေယာဥ်အစောဆုံးအချိန်နဲ့အိမ်ကို Tan နဲ့အဖေရောက်လာပါတယ်။ မရောက်လာခင်ထဲကတစ်အိမ်လုံး ပြင်ကြဆင်ကြနဲ့ ရောက်ရက်တွေခက်နေအောင်အလုပ်ရှုပ်နေခဲ့ပေမဲ့ တယောက်သောသူကတော့စိတ်တောင်မဝင်စားပဲလက်ပက်တီးလေးနဲ့အိပ်ယာထဲလှဲလိုက်ဂိမ်းဆော့လိုက်၊ ခြံထဲလမ်းလျှောက်လိုက်နဲ့နားနေခဲ့ပါတယ်။
တစ်အိမ်လုံးခရီးဦးကြိုဦးညွှတ်နှုတ်ဆက်နေကြသော်လည်း အဲ့ထဲမှာလက်ပက်တီးနဲ့ကောင်လေးတော့မပါ။
"ဘယ်မလဲ...Jeon Jungkook.??"
"အပေါ်ထပ်သူ့အခန်းထဲမှာပါ..သခင်ကြီး"
"အဖေဖြစ်သူနဲ့အစ်ကိုလာတာတောင် မထီမဲ့မြင်နဲ့သူကဘာလို့ဆင်းမလာရတာလဲ"
ပြောပြောဆိုဆိုJeon ဥက္ကဌကြီးအပေါ်ထပ်သူ့အခန်းရှိရာကိုတက်သွားလိုက်ပါတယ်။
အိမ်တော်ထိန်းကြီးကတော့ကြိုမြင်ယောင်ပါတယ်....ရန်ပွဲတွေဖြစ်လာတော့မယ်လို့.။
အပေါ်ရောက်တော့..ဒင်းကအိပ်နေလိုက်တာများ ဟောက်တောင်ဟောက်နေပြီ။ ပြန်လာမယ်ဆိုတာကြိုသိပါလျက်နဲ့တမင်သက်သက်လုပ်တာမို့ဆောင့်ကန်ချပစ်လိုက်တာခုတင်ပေါ်မှအောက်သို့၁ပက်လောက်လှိမ့်ပြီးကျသွားသည်။.
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...