Part 38 (Uni+Zawgyi)

5.8K 217 22
                                    

Uni

"ဗျာ အ​မေ့!!!
သားမဟုတ်ဘူး​နော် "

"ဒီကိစ္စ က ဒီက က​လေးမ နဲ့သာ ရှင်းကြတာ​ပေါ့
ကျ​နော်ကလည်း ရပ်ရွာ အုပ်ချုပ်​ရေးမှူးဆို​တော့ လာတိုင်ရင် မရှင်း​ပေးလို့မရပါဘူး"

"အ​ဖေ့!!!
သား မဟုတ်ဘူး​နော်
ဒီ​ကောင်မ​လေးကို သားမပတ်သက်တာ ကြာပြီ "

ဓန ရဲ့ ​ခေါင်းကို ကျည်ဆန်မှန်တာ ထက်ကို ပိုဆိုး​နေပါပြီ။ ​မေမီလင်းက အုပ်ကြီးအိမ်မှာ သူတို့နှစ်​ယောက် ရိုက်ထားတဲ့ မြင်မ​ကောင်းတဲ့ ပုံ​တွေကို ပြပြီး ​တိုင်ထားတာမို့ အ​ဖေ၊အ​မေနဲ့ဓန လာရှင်းရသည်။ ဇာတ်လမ်းက ရှင်း​လေ ရှုပ်​လေပါ ။ ဒါ​တောင် အုဝဲ မလာ​သေးတာမို့ သူကြိတ်ရှင်း​နေရင်း ​ဒေါသ က ထွက်လာ​တော့သည်။ သူမကျူးလွန်ထားတဲ့ကိစ္စ တစ်ခုကအကြီးအ ကျယ် ပြသာနာ တတ်​နေပြီ​လေ ။

"ငါ့သား ​သေချာ စဥ်းစား
ငါ့သားက ​ယောကျာ်း​ကောင်းပါ "

"အ​မေ့ !!!သားကို ယုံပါ
သားမှာ သား​လေးနဲ့ အုဝဲကလွဲပြီး ဘယ်သူ့ကိုမှမကြည့်ဖူးပါဘူး "

"ဖိုးပြည့်!!!!ဒီကိစ္စ ရှင်းမှရမှာ မရှင်းရင် ပြသာနာ ပြီးမှာ မဟုတ်ဘူး "

​ဒေါ်နွယ်နွယ်ဝင်း အရမ်း​တွေ စိတ်ရှုပ်​နေ​တော့ သည်။ ဟိုဘက်က က​လေးမ ကလည်း ဟိုဘက် ၂ရွာ ​ကျော်ကသူ​ဌေးသမီးမို့ မျက်နှာက ခက်ထန်လှသည်။ သူ့သားမမှားမှန်း သိ​ပေမယ့် ဘယ်လိုမှ ရှင်းလို့မရ​အောင် ဖြစ်​နေ၏။ ဒီကိစ္စ ကရာစု တို့သားအမိ သိလို့ ရတဲ့ကိစ္စလည်း မဟုတ်တာမို့ပါ ။ ပိုက်ဆံသုံးပြီးလည်းရှင်းလို့ မရတာမို့ ​သွေး​တွေ​တောင် တက်​နေ​တော့ သည်။

"အကို့ !!!ဘာဖြစ်လို့လဲ "

ဒီတခါမှ ပြသာနာ ပိုရှုပ်သွားပြီ​လေ ။ အုဝဲက သူအုပ်ကြီးအိမ်​ရောက်​နေတယ်ဆိုတာ ဘယ်လို သိသွားသည် မသိ ​ရောက်ချလာ​တော့သည်။

"ဟင် !!!!ဒါဘာ​တွေလည်း "

"အုဝဲ !!!အကို မဟုတ်ဘူး​နော်
အကို ဘာမှမသိဘူး
စွပ်စွဲခံရတာ "

ရာစု တစ်​ယောက် စားပွဲ​ပေါ်က ဓါတ်ပုံ​​တွေကြည့်ပြီး မျက်လုံး​တွေ မူးပြာသွားခဲ့သည်။ဘယ်သူက ဘယ်လို မှားမှန်းလည်းမသိခဲ့ အကိုက​တော့ သူဘယ်လိုမှ မမှားဘူးလို့ ငို မတတ်​​ရှင်းပြ​နေ​တော့ သည်။ ဓါတ်ပုံထဲမှာ ​တွေ့ရတဲ့ အကို့ ပုံအရ ပြီးခဲ့တဲ့ အပတ် က သူ့တို့တက္ကသိုလ် ​ကျောင်းသား​ဟောင်း​တွေ့ဆုံပွဲသွားထားတုန်းက ပုံပင်ဖြစ်၏။ အဲ့​နေ့က အကိုအိမ်မှာ ၂ရက်မရှိတာပါ ။သူ့ကို ခွင့်​တောင်းပြီးသွားတာမို့ သူလည်း အကို့ကိုသွားခွင့်ပြုလိုက်တာပါ ။ အကို​ကော ​မေမီလင်း​ကော ဟိုတယ် ခန်းထဲ​ရောက်​နေတာ​တော့ သူလည်း မစဥ်းစားချင်​​လောက်​အောင်မွန်းကျပ်သွားခဲ့သည်။

My Owner (Completed)Tempat cerita menjadi hidup. Temukan sekarang