Unicode

847 58 44
                                    


ကျောင်းကအပြန် သူငယ်ချင်းတွေနဲ့အလည်လွန်ပြီ ဒီနေ့အဖို့ကျူရှင်ဘက်ကိုခြေဦးလှည့်ဖို့နောက်ကျခဲ့သည်မလို့ လစ်လက်စနဲ့ အိမ်ကိုသာပြန်လာခဲ့သည်။ အိမ်ပြန်ရောက်လဲဖေဖေရောမေမေရာက သူ့ကိုဆူလိမ့်မည်မဟုတ်၊ ဘာလို့ဆို သူမက ချွဲအိမ်တော်ရဲ့ အဖိုးတန်ဆည်းလည်းလေးဖြစ်သည်မလို့...

ကိုယ့်အတွေးနဲ့ကို ပျော်မြူး‌ရင်း အသစ်ဆက်ဆက်၀ယ်လာသည့်အညိုရောင် teddy bear  keychain လေးကို လက်မှာဝှေ့ရမ်းရင်း အိမ်သို့ခြေလှမ်းများဦးတည်လိုက်သည်။

ရုတ်တရက် သူမခြေလှမ်းများရပ်တန့်သွားရသလို လက်ညှိုးပတ်လည်မှာ စက်ဝိုင်းသဏ္ဌာန်လည်နေသည့်keychain လေးမှာလဲ ‌ခြေလှမ်းနှင့်ထပ်တူရပ်တန့်သွားရသည်။ အကြောင်းမှာ  သူမအိမ်ရှေ့တွင် ကားကိုမှီကာ ဖုန်းပြောနေသည့်လူတစ်ယောက်ကြောင့်ပင်။

ခေတ်လူငယ်ပီပီ fancy အ၀တ်အစားဒီဇိုင်းနှင့် လူငယ်တွေကိုသာမျက်စိကျခဲ့ဖူးတဲ့သူမဟာ ယခုတစ်ခါမှာတော့ ခဲနက်ရောင် suit ၀မ်းဆက်ကို ၀တ်ဆင်ထားသည့်လူဆီမှာ ပထမဆုံးအကြိမ်မြင်ဖူးယုံနဲ့ပင် သူမဘ၀ရဲ့ကျန်သက်တမ်းကို ပုံအပ်လိုက်ချင်သည်အထိ။

ဘေးတိုက်မြင်ရတဲ့အနေအထားမှာတောင် ထင်းနေသည့်နှာတံသွယ်သွယ်ပေါ်မှာ လျှောစီးချင်မိပြီး ထိုအမျိုးသား၏ ခြေတံရှည်တွေကို တွဲလဲခိုစီးကာ ကမ္ဘာပတ်ပြစ်ချင်သည့် စိတ်ကူးတွေကတစ်ဖွားဖွား။

ကိုယ့်အတွေးနှင့်ကို စိတ်ကူးယဉ်နေတုန်းပင် ထိုလူကသူမအိမ်ထဲသို့၀င်ရန်ခြေလှမ်းတွေပြင်နေသည်မလို့ ဘယ်သူလဲသိရရန် မေးဖို့ဆုံးဖြတ်လိုက်သည်။ အိမ်ထဲရောက်လဲသိရမှာဆိုပေမယ့်လို့  သိချင်ပြီဆိုပါက မြန်မြန်ဆန်ဆန်သိရမှကျေနပ်သည့် သူမအကျင့်အရ အရင်ဆုံးတားလိုက်မိသည်။

"ဒီမှာ ဒီမှာ"

သူမအသံကြောင့်လှည့်အကြည့်တွင် ဆုံလိုက်ရသည့်မျက်၀န်းအိမ်ဟာ စကြာ၀ဠာတစ်ခုလုံးကို အပိုင်သိမ်းထားသည့်နှယ်...။

ထိုမျက်၀န်းထဲမှာနေချင်လိုက်တာ...

"ဟို... ဘာလို့ခေါ်တာလဲဗျ"

You've reached the end of published parts.

⏰ Last updated: May 26, 2023 ⏰

Add this story to your Library to get notified about new parts!

She Fell First He Fell Harder Where stories live. Discover now