◾2◾

7.6K 724 48
                                    

(Unicode)

ဒီည၏ ညစာစားပွဲသည်လည်း ထုံးစံအတိုင်း တိတ်ဆိတ်ခြောက်ကပ်၍ ဇွန်းသံ ခက်ရင်းသံများကိုသာ အတိုင်းသား ကြားနေရသည်။ ထိုတိတ်ဆိတ်မှုကို စတင်ဖြိုခွဲလာသူက ဂျောင်ဂုအဖေ။

"မနက်ဖြန် ဒင်နာပါတီတက်ရမယ်"

ဂျောင်ဂု ဘာမှမတုန့်ပြန်။

"ငါတို့ နောက်ဆုံးထုတ်ထားတဲ့ ရုပ်ရှင်ကားပေါက်တယ်လေ၊ အဲ့ဒါအတွက် ပွဲပေးတာ"

ဂျောင်ဂုက ဂရုပင်မစိုက်ဘဲ စားစရာရှိတာများကို တည်ငြိမ်စွာ စားနေလျက်ပင်။

"မင်းရောလိုက်ခဲ့ရမယ်၊ အားလုံးက ဂျွန်ဂျောင်ဂု ဘယ်လိုအခြေအနေရောက်နေပြီလဲ သိချင်နေကြတာ"

အဖေဖြစ်သူ၏ စကားအဆုံး ဂျောင်ဂုဟာ စားလက်စ ဇွန်းကို ချလိုက်ပြီး မနှစ်မြို့ဟန်နဲ့ မော့ကြည့်လာလေသည်။

"မလိုက်ချင်ဘူး၊ တမင် ကိုယ်ကျိုးအတွက် အချင်းချင်းမြှောက်ပင့်ပြောနေကြမယ့် နေရာသက်သက်ပဲကို"

"မလိုက်လို့မရဘူး၊ မင်းက ငါ့သား.. ငါ.. ဂျွန်ဂျောင်ဟွန်းရဲ့သား၊ မင်းကို လူလုံးထုတ်ပြဖို့ ငါဘယ်လောက်ထိ ပံ့ပိုးပေးထားရသလဲ"

"လူတွေကြား ကြွားစရာအဖြစ် ထုတ်ပြရအောင် ကျွန်တော်က ကုန်ပစ္စည်းလား"

"စကားမများချင်ဘူး ဂျောင်ဂု၊ မနက်ဖြန် မင်းလိုက်ရမယ်၊ Vlogger ကင်ထယ်ယောင်းကိုလည်း ခေါ်ထားပြီးသား သူ့ vlog ထဲ ဒီပွဲနဲ့အတူ မင်းကိုပါ တစ်ခါတည်း ထုတ်ပြထားရမှာ၊ အဲ့အတွက် ပိုက်ဆံဘယ်လောက်သုံးထားရလဲသိလား"

အဖေ့စကားတွေထဲ ကင်ထယ်ယောင်း ဟူသော နာမည်ပါလာသဖြင့် ဂျောင်ဂု၏ မှုန်ကုတ်နေသည့် မျက်ခုံးများက မသိမသာ ပြေလျော့လာပြီး မျက်ဝန်းတွေထဲ စိတ်ဝင်စားမှုအရိပ်အယောင်များ ဖြတ်‌ပြေးသွားသယောင်။

"ကင်ထယ်ယောင်းလား"

"မသိဘူးမလား၊ မင်းက နောက်ဆို ငါ့နေရာမှာ‌နေပြီး အနုပညာရှင်တွေကို ဆက်မွေးထုတ်ရတော့မှာ၊ အခုလို အောင်မြင်ဖို့ အလားအလာရှိတဲ့သူတွေကို သေချာချိန်တတ်အောင်ကြိုးစား၊ အဲ့ဒါ ငါတို့ရဲ့ ရွှေပင်ပဲ"

You Fill My Heart [Completed]Where stories live. Discover now