Episode (1)

217 24 6
                                    

အလင်းရောင်ကွယ်ပျောက်သွားသည်နှင့်အမျှ သူတို့ရဲ့အသက်တွေက အရောင်တောက်လာကြပြီ။ ဂျွန်ဂယူဟာ နေ့စဥ်နှင့်အမျှဝတ်ဆင်လေ့ရှိသည့် ဝတ်ရုံအနက်ရောင်က ခေါင်းစွပ်ကို နဖူးအုပ်သည်အထိစွပ်လိုက်ပြီးနောက် သူ့၏ခွေးလေး ဖော်ဆန်အား ခေါင်းကိုလေးငါးချက် ပွတ်လိုက်သည်။

"ဖော်ဆန်ရေ...လုပ်ငန်းစကြရအောင်...''

ဖော်ဆန်ဟာ သူနှင့်အတူ စွန့်စားရန် အသင့်ရှိနေသည့်ဟန် အမြှီးကိုတယမ်းယမ်းနှံ့လျှက် သူ့ခြေထောက်အား နှာတစ်ရှုံ့ရှုံ့ဖြင့် နမ်းရှာသည်။

ထို့နောက် ဂျွန်ဂယူဟာ သူ၏လက်ကိုမြှောက်ရင်း လက်ခုံကို မျက်လုံးရှေ့သို့ကပ်လိုက်သည့်အခါ အဝါရင့်ရင့်ရောင်(လိမ္မော်ရောင်) ဂဏန်း ၂လုံးက သူ့လက်ခုံပေါ်၌ ထင်ဟပ်လာသည်။ ၎င်းက သူ၏ အသက်ရှင်နိုင်မည့်ရက်သက်တမ်းဖြစ်သည်။ သူတို့တစ်မြို့လုံးရှိ လူတိုင်း၏ နဖူး၌ ရက်အကန့်အသတ်ပြ အနုမြူဂဏန်းများရှိြကသည်။ လူတစ်ဦးနှင့် တစ်ယောက်သည် ဘယ်သောအခါမှ နီးနီးကပ်ကပ် ရင်းနှီးစွာ မိတ်ဆွေကောင်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်နည်းဟု မေးလျှင် သူတို့အားလုံးဟာ သူတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းထံမှ အချိန်မရွေးအလိမ်ခံရနိုင်သည်။ နဖူးပေါ်ရှိ ဂဏန်းများသည် အလင်းရောင်ပျောက်သည်နှင့် လင်းလာတတ်ကာ တခြားတစ်ဦးက မိမိ၏၎င်း ရက်အကန့်အသတ်ဂဏန်းများအား မျက်လုံးဖြင့် စိုက်ကြည့်ရုံဖြင့် ခိုးယူနိုင်သည်။ လူအနည်းစုပင်လျှင် သူငယ်ချင်းကောင်းဟူ၍ မရှိခဲ့ချေ။ သူတို့အားလုံးဟာ သက်တမ်း ၅ရက်အတွက် ငွေဆယ်စပေးကြရသည်။ အဆုံး၌ တစ်မြို့လုံးရှိလူများသည် ထိုနေ့ရက်များအတွက် ငွေအမြောက်အများကုန်ကျခံရန် မတတ်နိုင်ကြတော့ပဲ ဖြစ်လာကြရလေသည်။ သူတို့အားလုံးဟာ နေ့ဘက်၌ အိပ်စက်ကြပြီး ညဘက်၌ လှုပ်ရှားကြသည်။ အဘယ်ကြောင့်မူ သူတို့သည် အလင်းရောင်ပျောက်ကွယ်ချိန်၌ လင်းလာတတ်သည့် တခြားတစ်ဦး၏ ရက်အကန့်အသတ်များကို ညဘက်၌သာ အလွယ်တကူ ခိုးယူနိုင်သည်မို့။ ထိုသို့ ရက်အကန့်အသတ်များ ခိုးယူမှုကို လူတိုင်းက ခြွင်းချက်မရှိ ပြုလုပ်လာကြသည့်အခါ တစ်မြို့လုံးရှိ လူများသည် နဖူးထိလုံသည့် ခေါင်းစွပ်ကြီးများပါသည့် ဝတ်ရုံရှည်များကို သူ့တို့၏ သက်တမ်းများကိုဖုံးကွယ်ရန်အတွက် ဝတ်ဆင်လာကြလေသည်။

In Days (Harukyu)Where stories live. Discover now