1 | 💙

446 69 10
                                    


공기의 개념은
부드러운.

고요한 공기
불이 타오르게 놔두세요,
산들바람
동시에,
거친 경향이 있습니다. 🌪️🫧

Years in 2018

လူနှစ်ယောက်စာ ပြုလုပ်ပေးထားသော ကော်ဖီဝိုင်းတစ်ခုတွင် စိတ်ရှုပ်နေဟန်ရှိသော ကောင်လေးတစ်ယောက်နှင့် ထိုကောင်လေးအားပြုံးပြီး ကြည့်နေသော ကောင်လေးတို့ ထိုင်နေခဲ့ကြ၏ ။

ပြုံးကြည့်နေသော ကောင်လေးမှာတော့ သူ၏အရှေ့ရှိ စူပုပ်ပုပ်ကောင်လေးအား သေချာစွာပင်ကြည့်နေကာ ကော်ဖီခွက်အား လက်ကမ်းလျက် တစ်ငုံမျှသောက်လိုက်ပါသည် ။

"ခင်ဗျား ... ဘာဖြစ်ချင်နေတာလဲ ။"

ရုတ်တရက်ထွက်ပေါ်လာသော စကားသံကြောင့် ကော်ဖီခွက်ကိုင်ထားရင်းနှင့်မှ ကော်ဖီခွက်အားပြန်လည် ချလိုက်ပြီးနောက် ၊ မေးခွန်းမေးလာသော ကောင်လေးအား ပြုံးပြလိုက်လေ၏ ။

"ကိုယ်ပြောတာကို ... မင်းမရှင်းလို့လား ၊ ချွမ်ရွေ့ ။ ကိုယ် ဘာဖြစ်ချင်နေလဲဆိုတာ မင်းသိသင့်နေပြီလေ ။"

"ခင်ဗျား ... ဖြစ်ချင်တဲ့ဟာက အဓိပ္ပာယ်ရှိမနေဘူး ။"

"အဓိပ္ပာယ်မရှိဘူးလို့ ၊ မင်းဘယ်လိုများ ဆုံးဖြတ်လိုက်သလဲ ။"

စကားအား ကပ်သပ်စွာဖြင့်ပြောလာသော သူ၏အရှေ့ရှိလူကြောင့် ရှန်ချွမ်ရွေ့မှာ စိတ်ညစ်လာရတော့သည် ။

"စကားကို ကပ်သပ်ပြောနေတာပဲ ၊ ခင်ဗျားက ။"

"မပြောစေချင်ရင် ၊ ကိုယ်ဖြစ်ချင်တာကို လိုက်လျောလိုက်လေ ။"

အီဂျောင်ဟျွန်းက ရူးနေတာပဲ ...

စိတ်ထဲတွင်တွေးနေသော စကားလုံးတချို့အားတော့ ချွမ်ရွေ့ ထုတ်မပြလိုတော့ ။ အသွားထက်သည့် ဓားသွားသည် သူ၏ရှေ့တည့်တည့်တွင် ထိုင်နေပြီး ၊ သူသည်လည်း လွတ်ရန်မရှိသည်မှာ သေချာပြီမို့ ၊ စိတ်ဒုန်းဒုန်းချကာ ခေါင်းညိတ်ပြလိုက်တော့၏ ။

"ကောင်းပြီ ၊ သည်လိုဆို ... သည်ကနေ့ကစလို့ မင်းက ကိုယ့်ရဲ့ကောင်လေးဖြစ်သွားပြီ ။ ဆိုပေမဲ့ ... အချစ်တော့ မပါသေးဘူးပေါ့ ၊ ကိစ္စတွေ ပြီးဆုံးသွားတဲ့အခါကျ မင်းကို ... ကိုယ် လွှတ်ပေးမှာပါ ။"

blue | jeonghyeon x ricky Where stories live. Discover now