426 - 430

345 33 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 426 ) သူပဲထပ်ဖြစ်ပြန်ပြီ

"နံပါတ်လေးနဲ့ နံပါတ်ဆယ့်သုံး"
ကာကွယ်သူက ကြေညာလိုက်သည်။

သည်တစ်ခါတော့ အထူးဒေသနှစ်ခုမှ ပါရမီရှင်နှစ်ဦးပင်ဖြစ်သည်။ ထို့နောက် တိုက်ပွဲစတင်ခဲ့၏။

ဤလူနှစ်ယောက်စလုံးက စတုတ္တအဆင့် စစ်ပါရမီများ ရှိကြသည်။ သို့သော်လည်း တစ်ယောက်က အဆင့်ရှစ် သိုင်းဘိုးဘေး အထွတ်အထိပ်ဖြစ်ကာ တစ်ယောက်က အဆင့်ကိုး အစောပိုင်းအဆင့်ကို ရောက်ရှိနေသည်။

ပါရမီတူ လူနှစ်ယောက် ရင်ဆိုင်ရသောအခါ သဘာဝအရ နယ်ပယ်ပိုမြင့်သူက အနိုင်ရသွား၏။

ပြိုင်ပွဲများက တစ်ပွဲပြီးတစ်ပွဲ ကျင်းပသွားခဲ့သည်။

လုမင်ဟာ တချို့ပါရမီရှင်များက နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေခံရှိကြောင်း မြင်ရသည်။ တစ်ယောက်က အဆင့်ကိုး သိုင်းဘိုးဘေးနယ်ပယ် အလယ်လတ်အဆင့်ဖြစ်ကာ ကျန်တစ်ယောက်က အဆင့်ကိုး နှောင်းပိုင်းအဆင့်ပင် ရောက်ရှိ‌ခဲ့ချေပြီ။

ရွမ်ဖုန်းလည်း ပါသည်။ ဤအတောအတွင်း၌ ရွှမ်ဖုန်း၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ကိုး သိုင်းဘိုးဘေး အလယ်လတ်အဆင့်သို့ ရောက်ရှိသွားနိုင်ခဲ့ပေသည်။ သူက နယ်ပယ်အားသာချက်ဖြင့် ပြိုင်ဘက်ကို အနိုင်ယူ၍ ဒုတိယအချီသို့ ရောက်ရှိသွားခဲ့သည်။

နှစ်နာရီကြာသောအခါ ပြိုင်ပွဲအားလုံးပြီးဆုံး၍ ဒုတိယအချီသို့ ဝင်ရောက်နိုင်သူရှစ်ဦး ထွက်ပေါ်လာသည်။

ဟုတ်၏။ လုမင်ကလည်း ဗလာမဲနှင့် ကိုးယောက်မြောက် ဖြစ်လာခဲ့ပေသည်။

ထို့နောက် ကာကွယ်သူက တံဆိပ်ပြားများကို ပြန်ယူကာ ဒုတိယတစ်ကြိမ် မဲဖောက်ရန် ပြင်သည်။ ၎င်းက လက်ကိုဝှေ့ယမ်းကာ တံဆိပ်ပြားရှိ အမှတ်အသားအားလုံးကို ဖျက်ဆီးပစ်လိုက်၏။

၎င်းက ကျောက်စိမ်းပြားပေါ်၌ အရှိန်အဝါ သို့မဟုတ် အမှတ်အသား တစ်ခုခုကိုချန်ထား၍ ညစ်ပတ်မရနိုင်ရန် ဖြစ်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Nơi câu chuyện tồn tại. Hãy khám phá bây giờ