PART - ( 6 )

534 29 0
                                    

        Gabriel တိုင်းပြည်ရဲ့တိမ်တွေ ညိုမှိုင်း
အုံ့ဆိုင်းနေ‌တဲ့ မနက်ခင်း တစ်ခု..

    ဘဏ္ဍာရေးဝန်ကြီး ဖြစ်တဲ့ Ven Margaret ဟာ သူ့အခန်းထဲရှိ ပြတင်းပေါက်နားမှာ
လက်နှစ်ဖက်နောက်ပစ်ပြီး အပြင်ဘက်ကို
မတ်တပ်ရပ် လှမ်းကြည့်နေသည်။

" ဒီနေ့ ရာသီဥတုက သိပ်မကောင်းနေဘူးပဲ "

ညသန်းခေါင်တုန်းက မက်ခဲ့တဲ့
အိမ်မက်ဆိုးကြီးကို ပြန်‌ေတွးမိ‌ေတာ့လည်း
သူ့မှာ မတင်မတကျဖြစ်နေသည်။

လက်ရှိဆို ဒီတိုင်းပြည်မှာ
ဘုရင်နဲ့ ဝန်ကြီးချုပ်တို့ပြီးရင်
အာဏာအရှိဆုံးက ဘဏ္ဍာရေးဝန်ကြီးပါ...
ဒီလိုမျိုး ရာထူးအခြေအနေနဲ့ သူ့ကို
ဘယ်သူကမှလည်း အလွယ်တကူ
လာမလုပ်ကြံနိုင်ပါဘူး..

ဒါမှမဟုတ် အိမ်မက်သက်သက်ပဲလား..
ဟုတ်မှာပါ .. ငါ စိတ်ထင်တာနေမှာ..
ကလဲ့စား လာပြန်ချေရအောင်လည်း
အဲ့ဒီတုန်းက Armstrong မျိုးနွယ်ဝင်အားလုံးကို အမျိုးဖြုတ် ရှင်းလင်းခဲ့တာ..

အခုဆို Joseph နဲ့ သူ့တစ်မျိုးနွယ်လုံးက အရိုးဆွေးပြီး မြေစာပင်တွေတောင် ဖြစ်နေကြလောက်ပြီ..

ဟုတ်တယ် .. ငါ မစိုးရိမ်နေသင့်ဘူး
ငါက လက်ရှိမှာ Gabriel တိုင်းပြည်ရဲ့
ဘဏ္ဍာရေးဝန်ကြီးပဲ..
ဘာမှ ကြောက်နေစရာအကြောင်း မရှိဘူး..

_
_

           ထိုအချိန်မှာပဲ သူ့အိမ်တော်ထိန်းက
အပြင်ကနေ တံခါးခေါက်လာပြီး

" ခွင့်ပြုပါ သခင်ကြီး..
  ဒီနေ့ မနက်ခင်းမှာပဲ Margaret အိမ်တော်
  ကို အစေခံအသစ်တွေ ရောက်လာပါပြီ
  အခု အိမ်အောက်ထပ်မှာ သခင်ကြီးကို
  ပထမဆုံး ဂါရဝပြုနှုတ်ဆက်ဖို့ သူတို့တွေ
  စောင့်နေကြပါတယ်.."

" ဟုတ်ပြီ .. ငါအခု လာခဲ့မယ် .."

_
_
_
_
_
_

        ခမ်းနားလှတဲ့ Margaret အိမ်တော်ကြီး
ရဲ့အိမ်တံခါးဝမှာ အသစ် ရောက်ရှိလာတဲ့
အစေခံလေး ၈ ယောက်တို့က သခင်ကြီး
Ven Margaret အလာကို စောင့်နေကြသည်။
သူတို့မှာ အမျိုးသားအစေခံ ၄ယောက်နဲ့ အမျိုးသမီးအစေခံ ၄ယောက် ဖြစ်ပြီး
ငြိမ်သက်စွာဖြင့် တန်းစီရပ်နေကြသည်။

The Moon & Her Royal SunWhere stories live. Discover now