အပိုင်း ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀

2.9K 347 9
                                    


အပိုင်း ၁၅၄

သူမအနေဖြင့် မုန့်ဝူယုံးအပေါ် လုံးဝသနားစိတ်မဝင်မိပေ။ထိုအမျိုးသမီး၏ အလွန်အကြူးသော ကြင်နာမှုနှင့် စိတ်ကြီးဝင်မှုတွေက များလှစွာသော လူတွေကို သေစေသည်။ခေါင်းဒါဇင်ကျော်ပေါက်နေလျှင်တောင် အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း လဲလှယ်ချင်သည်ဆိုပါက ခုတ်ပေးဖို့တောင် လောက်မည်မဟုတ်ချေ။

ထို့အပြင် ဟန်ရှောင်လင်နှင့် ယုံးဝူမင့်က အဓိက ရန်သူတော်များ ဖြစ်နေကြပြီဖြစ်သည်။ မုန့်ဝူယုံး၏ အနှီကံကောင်းစေသော ရွှေလက်ချောင်းကြီးက တစ်နေ့နေ့မှာတော့ ယုံးဝူမင့်ကို ပစ်နိုင်မည့် ချွန်မြသော မြားတစ်ချောင်း ဖြစ်လာနိုင်မည်ပင်။

အကယ်၍ သူတို့သာ မုန့်ဝူယုံးကို ဒီနေရာမှာ သတ်နိုင်ပါက အကောင်းဆုံးပင်။ သူမသေသွားသည်နှင့် တစ်ပြိုင်နက် ဟန်ရှောင်လင်အနေဖြင့် ပြင်းထန်သည့် ဒဏ်ရာကနေ ရှင်နိုင်သည်ဆိုလျှင်တောင် သူဟာ ချစ်ဇောဟုန်အဆိပ်ဖြင့် သေလိမ့်မည်ပင်ဖြစ်သည်။

အကယ်၍ မုန့်ဝူယုံးသာ အသတ်ခံရပါက ရာနှင့်ချီသော အကျိုးအမြတ်များသာ ရလာမည်ဖြစ်ပြီး ဘာထိခိုက်အနာတရမှ ပေါ်လာတော့မည်မဟုတ်ပေ။

စန်းယွမ်ယွမ်သည် ယုံးဝူမင့်ကို နည်းနည်းတော့ စိတ်ပူနေမိသည်။ မည်သို့ဆိုစေ သူဟာ ဒဏ်ရာရထားသည် မဟုတ်ပါလော။

သူမ တွေးနေချိန်မှာပင် စပျစ်နွယ်ပင်တွေလှုပ်သွားတာကိုမြင်လိုက်ရကာ မုန့်ဝူယောင်း၏ အသံက ထပ်မံထွက်ပေါ်လာပြန်သည်။

"ဟန်ဆယ့်ငါး၊ ဟန်ဆယ့်ခြောက်..ရှင်တို့ လက်ဖက်ရည်ဆိုင်အပြင်ဘက်ကပဲ သွားစောင့်ကြည့်နေပေးပါ။ ကျွန်မ တစ်ယောက်တည်း ငြိမ်ငြိမ်ဆိမ်ဆိမ်လေးနေချင်လို့။ ဒီမှာက လုံခြုံပါတယ်။ ဘာမှဖြစ်မှာ မဟုတ်ဘူး"

စန်းယွမ်ယွမ်၏ နှလုံးသားက ရုတ်ချည်းဆောင့်ခုန်သွား၏။

ခုလိုအချိန်မျိုးမှာ မုန့်ဝူယုံးက သက်တော်စောင့်တွေကို အဝေးထွက်သွားခိုင်းသတဲ့လား။ မဟုတ်မှ ကောင်းကင်ဘုံကတောင် ကြီးမြတ်လှတဲ့ ဗီလိန်နတ်ဆိုးကြီးကို ဆောင်မ,ပေးနေတာများလား။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin