2 | 💙

284 63 12
                                    


사랑의
의미에서,
무엇? 🍂

...

မေလ ၂၇
အချိန်အားဖြင့် ညနေ :၃၀

...

ဂျောင်ဟျွန်းတစ်ယောက် ကုမ္မဏီမှအပြန်တွင် ချွမ်ရွေ့အချိန်ပိုင်းလုပ်ရာ စတိုးဆိုင်အနီး၌ ကားအားထိုးရပ်လိုက်ပြီးနောက် ၊ ချွမ်ရွေ့၏ ထွက်အလာအား စောင့်စားနေလိုက်ပါသည် ။

ကားမှန်အား ခေတ္တခဏချကာ ၊ စီးကရက်လိပ်အား လက်ကြားညှပ်လျက် မှန်အပြင်သို့ခေါင်းထုတ်ကာ ဖွာလိုက်ခြင်းဖြင့် စိတ်ရှုပ်မှုများ ၊ အဆင်မပြေမှုများအား အငွေ့များနှင့်အတူ ဖယ်ထုတ်စေလိုက်၏ ။

အီဂျောင်ဟျွန်း ... မင်း ဘယ်လိုအကွက်တွေ ရွှေ့နေလဲဆိုတာ ငါသိတယ် ကွာရှင်းဖို့ ကိစ္စကို မရှိခဲ့သလို သဘောထားလိုက်

ရှင်က ဘာအဖြစ်များရှိလို့ ... ကျွန်မကို ကွာရှင်းချင်ရတာလဲ အချစ်မရှိတဲ့ အိမ်ထောင်ရေးဆိုပေမဲ့ ရှင်ရော ကျွန်မရော အတွဲညီနေခဲ့တာပဲလေ အဲ့ဒါကို ဘာတွေ ခက်ခဲနေတာလဲ ရှင်က

ဖခင်ဖြစ်သူ၏စကားနှင့်အတူ ၊ မကွာရှင်းရသေးသည့် ၊ လက်ရှိအချိန်အထိ ဇနီးသည်ဖြစ်နေသူထံမှ စကားများကြောင့် ဂျောင်ဟျွန်း ခပ်ဖွဖွသာပြုံးမိသွားသည် ။

အတွေးများသည် သူ၏အနားသို့လျှောက်လာသော ကောင်လေးကြောင့် တစ်စစီလွင့်ပြယ်သွားခဲ့သည် ၊ အနားသို့လျှောက်လာနေသော ကောင်လေးသည်တော့ ၊ ကြောင်လေးတစ်ကောင် မာန်ဖီနေသကဲ့သို့ သူ့အားစူပုပ်စွာဖြင့် စိုက်ကြည့်နေခဲ့ပြီး ၊ လက်ထဲက စီးကရက်လိပ်အားလည်း မနှစ်မြို့ဟန်ရှိနေလေ၏ ။

blue | jeonghyeon x ricky Where stories live. Discover now