အပိုင်း(၄၁) တစ်ခါတရံတွင် မြေပဲနှင့် ဓာတ်မတည့်နိုင်ပါ။

279 25 0
                                    


   " တစ်ချက်လောက် ကောင်းကောင်းမွန်မွန် ပူးပေါင်းပေးစမ်းပါ "မြတ်သျှင်မောင်က စိတ်မရှည်စွာ ပြောလိုက်သည်။ မြတ်သျှင်မောင်က အနားသို့ ကပ်လာသောအခါတွင်ဥဒေါင်းညိုက လက်ဖြင့် မြတ်သျှင်မောင်ပခုံးကို ကိုင်ကာရပ်တန့်စေသည်။

မြတ်သျှင်မောင် မော့ကြည့်လိုက်တော့ ဥဒေါင်းညိုက မျက်မှောင်ကျုံ့ထားသည်။ ချိုသာသော မျက်နှာသွင်ပြင်က တည်ကြည်နေကာ သူ့မျက်နှာက သူစနောက်နေပုံမရပေ။ ဥဒေါင်းညိုက လေးနက်စွာ ဆိုလာသည်။

" မြတ်သျှင်မောင် မင်းကိုယ်မင်း ဘာလုပ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိသေးသရွေ့ မင်းရဲ့ အပြုအမူတွေက ငါ့ကို ထင်ယောင်ထင်မှားဖြစ်စေတယ်။ ငါ့ကို မင်းစိတ်ထဲ ဘယ်လိုသတ်မှတ်ထားတယ်ဆိုတာ မသေချာသေးသမျှတော့ မင်း ပြောသလို မသိချင်ယောင်ဆောင်နေကြရအောင်ကွာ "

ဥဒေါင်းညိုက ထိုသို့ ပြောပြီးတော့ သူက ပြတင်းပေါက်ဖက်သို့ မျက်နှာလွှဲကာ မြတ်သျှင်မောင်ကို စကားဆက်ပြောလိုစိတ်မရှိကြောင်း ဖော်ပြနေလေသည်။ ဆယ်ကျော်သက်ကောင်လေး၏ နောက်ကျောပြင်ဖြူဖြူကို ကြိမ်ဖန်များစွာ တွေ့ဖူးပေမဲ့ စိမ်းကားနေတဲ့ နောက်ကျောပြင်ကိုတော့ မြတ်သျှင်မောင် ကျင့်သားမရသေးပေ။ သို့ပေမဲ့လည်း သူ့ထံတွင် သေချာရေရာခြင်းမရှိတာကြောင့် သက်ပြင်းအသာချလိုက်သည်။

" ဒါပေမဲ့ ဆေးတွေကိုတော့ ထားပေးခဲ့မယ် ။ မင်း အသုံးပြုပြီးတဲ့အခါကျရင် ကျသင့်ငွေကို ပြန်လာတောင်းမှာ၊ အဲတာကြောင့် ကောင်းကောင်းသုံးဖို့မမေ့နဲ့ "ဟု ပြောကာ ထွက်သွားလေသည်။

   ဥဒေါင်းညိုက ထွက်သွားသော မြတ်သျှင်မောင်ကြောင့် သူက အံအားသင့်ကာ ကျန်ခဲ့လေသည်။ ဥဒေါင်းညိုသည် အခန်းတံခါးကို ဖွင့်ကာ လူသွားလမ်းတစ်လျှောက်ကြည့်လိုက်တော့ လှုပ်စိလှုပ်စိသွားနေသော ဂေါ်ဖီထုပ်ကောင်လေး၏ ကျောပြင်ကို တွေ့လိုက်ရလေသည်။ သူက ခပ်မြန်မြန်လျှောက်ပြီးတော့ မြတ်သျှင်မောင်နောက်ကို အပြေးလိုက်သွားလေသည်။

" မြတ်သျှင်မောင် ! မင်း ငါ့ကို အဲလိုထားခဲ့လို့ မရဘူးလေ ! မင်း ဘယ်လိုတောင် ဆိုးသွမ်းတဲ့ ကောင်ပေါက်လေးလဲ !"

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Wo Geschichten leben. Entdecke jetzt