501 - 505

394 32 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 501 ) အမြင့်ဆုံး တိုက်ပွဲ

ကောင်းကင်ယံ၌ နေတစ်စင်း ပေါက်ကွဲသွားသကဲ့သို့   အပူလှိုင်းများ ဖြာထွက်လာသည်။

လေပြင်းမုန်တိုင်းများကလည်း ကောင်းကင်တွင် ပြည့်နှက်နေ၏။

"မကောင်းတော့ဘူး!"
လေ နန်းတော်ရှင်၊ မီးနန်းတော်ရှင်နှင့် တခြားသူများက လက်ကိုဝှေ့ယမ်း၍ အတားအဆီးများကို အလျင်အမြန် ဖန်တီးလိုက်ကြသည်။

"ဝုန်း ဝုန်း ဝုန်း...."
ထို့နောက် ကောင်းကင်ယံတွင် ပေါက်ကွဲသံများက ကမ္ဘာပျက်သကဲ့သို့ ထွက်ပေါ်လာခဲ့၏။ အားနည်းသူများဟာ ထိုအသံများကိုပင်မခံနိုင်ဘဲ သွေးအန်လုနီး ဖြစ်နေရတော့သည်။

သိုင်းဘုရင်အထက် တန်ခိုးရှင်များကမူ ထိုမြင်ကွင်းကို မော့ကြည့်လိုက်ကြ၏။

သို့သော်လည်း အများစုဟာ လူရိပ်သဏ္ဍန်များကိုပင် သေချာ မမြင်ရတော့ပေ။ ၎င်းတို့ဟာ မိုးပြာရောင်စွမ်းအင်နှင့် အနီရောင်စွမ်းအင်များက အားပြိုင်နေသည်ကိုသာ မြင်တွေ့ကြရသည်။

ရိုက်ချက်တစ်ခုစီက မိုးနှင့်မြေကို ခွဲခြမ်းနိုင်ပုံရကာ   တောက်ပသောအလင်းများလည်း ဆက်တိုက် ဖြာထွက်နေ၏။

ကံကောင်းထောက်မစွာဖြင့် ၎င်းက ကောင်းကင်အမြင့်၌သာ တိုက်ခိုက်နေခြင်း ဖြစ်ပေသည်။ အကယ်၍ မြေပြင်၌သာဆိုပါလျှင် မိုင်တစ်ရာအတွင်းရှိ  အရာအားလုံး ပျက်သုဉ်းသွားရမည် ဖြစ်သည်။

'ဒါက အထွတ်အထိပ် ဘုရင်တွေရဲ့စွမ်းအားတွေပဲလား..။ တကယ့်ကို သန်မာတယ်'
လုမင် ကောင်းကင်ကို မော့ကြည့်၍ လက်သီးဆုပ်လိုက်သည်။

ဤစွမ်းအားမျိုးဟာ လက်ရှိသူ့ထက် အဆများစွာ သန်မာ၏။ သို့သော်လည်း သူစိတ်ဓာတ်မကျပေ။  ထိုအား သူ့မျက်လုံး၌ တိုက်ခိုက်ချင်သေ စိတ်ဆန္ဒများသာ တောက်ပနေတော့သည်။

"ငါ့ကို နှစ်နှစ်လောက်ပဲ အချိန်ပေး၊ ဒီအဘိုးကြီးတွေကို သေချာပေါက် ကျော်လွှားနိုင်တယ်"
လုမင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Dove le storie prendono vita. Scoprilo ora