ဟန်ဘင်း အလုပ်တစ်ခုပိုလာခဲ့တယ်။ အဲ့ဒါဘာလဲဆို...ဟာအိုကလေးကို ပိုးရမယ့်အလုပ်။ ခဏခဏ သွားသွားကလိတဲ့ ဟန်ဘင်းကို တစ်တန်းလုံးကလည်းရိပ်မိနေကြပြီး ဆရာကတောင် သူ့ကိုခေါ်ပြီးသတိပေးရတယ်။ ဆရာက နေရာပြောင်းခိုင်းလဲ ခဏခဏ ဟာအိုကလေးနားပဲ ပြန်ပြန်ရောက်နေတဲ့ ဟန်ဘင်းကို နောက်ဆုံး ဆရာကပဲ လက်လျှော့သွားခဲ့တယ်။
ဟန်ဘင်း အရင်လို ရန်တောင်မဖြစ်တော့ဘူးလေ။ ချိန်းပွဲတွေတောင်မသွားဘူး။ ဟာအိုကလေးအနား ကပ်ရတဲ့အချိန်တွေ နည်းကုန်မှာစိုးလို့။
ဒီနေ့တော့ ဟာအိုကလေးက တစ်မနက်လုံးသူ့ကိုအဖက်မလုပ်။ အရင်ကဆို သူအနားမှာနေပြီး စတိုင်း မျက်နှာလေးရဲပြီးစိတ်ဆိုးတတ်တာကို ခုကျတော့ ဟန်ဘင်းကို လုံးဝလှည့်မကြည့်။ နားကြပ်တပ်ပြီး စာကိုပဲ သည်းကြီးမည်းကြီး ကုန်းလုပ်နေတာ။
နားချိန်မို့လို့ အတန်းထဲမှာ လူကလည်း သိပ်မရှိ။
ဟန်ဘင်း ဘေးကနေ လက်ထောက်ပြီး ေငးကြည့်နေမိတာ။ ဟာအိုကလေးရဲ့ ညာဘက် မျက်လုံးအောက်ကမှဲ့လေး က သိပ်ချစ်ဖို့ကောင်းသည်။ရည်းစားတွေသာဖြစ်ခဲ့ရင် နေ့တိုင်းနမ်းမယ် မှဲ့ကလေးကို။
အတော်ကြာတဲ့အထိ ဟာအိုကလေးက လှည့်ကြည့်မလာတော့ ဟန်ဘင်း မနေနိုင်တော့။ တပ်ထားတဲ့ နားကြပ်ကို ဆွဲ ဖြုတ်ပစ်လိုက်တော့ မျက်လုံးမှိတ်ကာ သက်ပြင်းချလာသည်။
ဟာအိုကလေး နောက်ဆုံးတော့ ဟန်ဘင်းကို စကားပြောတော့မယ်လေ။
" မင်း ဘာဖြစ်ချင်တာလဲ ပြော "
" ဟာအို့ ကောင်လေး "
" ငြင်းတယ် "
"ဟာ..အဲ့လိုမရဘူးလေ အရင်ဆုံး စဥ်းစားပေးမှပေါ့ "
"စဥ်းစားစရာမလိုဘူး...တစ်ခါတည်းငြင်းတယ်"
ဟန်ဘင်း ခေါင်းကုတ်ရပြီ။ဟန်ဘင်း လိုချင်တာ ဒီအဖြေမဟုတ်ဘူး။ ငြင်းနိုင်တယ်ဆိုတာသိပေမယ့် တကယ်ကြီး အငြင်းခံရတော့လည်း ဟန်ဘင်း စိတ်တိုလာသည်။
" ငြင်းလေ... ဟာအိုဘယ်လောက်ငြင်းနိုင်မလဲ စောင့်ကြည့်မယ် "
"မင်းငါ့ကို မနှောက်ယှက်ပဲနေလို့မရဘူးလား "