3 | 💙

255 66 9
                                    

미래의 ,
펼쳐져 있지만 ,
순수한 사랑 ,
애절한 붉은 노래에 ... 🌊

...

မေလ ၂၈
May 28

...

ဂျောင်ဟျွန်း၏အကျင့်များထဲတွင် ချွမ်ရွေ့အား နေ့စဉ်လာကြိုလေ့ရှိသည့် အကျင့်တစ်ခုလည်း ပါလာခဲ့ပြီ ဖြစ်၏ ။

လက်ထဲတွင်လည်း Matcha Green Tea ဗူးလေးအား ကိုင်ထားလျက်ရှိပြီး ၊ အဝေးတစ်နေရာသို့ငေးကာ တစ်ခုခုအားတွေးတောနေဟန် ရှိခဲ့သည် ။

ဂျောင်ဟျွန်း Matcha Green Tea အား မသောက်ဖြစ်ခဲ့သည်မှာ ၁၀ နှစ်မျှပင် ရှိတော့မည် ။ ပြန်တွေးတိုင်း အောင့်သက်သက်ခံစားရ၍ Macha အစား Coffee ကိုသာ ပြောင်းသောက်ခဲ့၏ ။ လူငယ်ဆန်ပြီး အမြဲတမ်းတက်ကြွလျက်ရှိခဲ့သော ဂျောင်ဟျွန်းအား ၊ မည်သို့သောလူမျိုး ၊ မည်သို့သောအရာမျိုးက ဖျက်ဆီးပစ်ပြီး ပုံစံခွက်ထဲရောက်အောင်သွင်းခဲ့သည်အား ပြောစရာမလိုခဲ့ပါချေ ။

၁၀ နှစ်အကြာမှ ပြန်သောက်ဖြစ်ခဲ့သော Matcha ဗူးလေးသည်တော့ ဂျောင်ဟျွန်း၏ လက်ထဲ၌ ပျော်နေဟန်ဖြင့်

"ခင်ဗျား ... မမောဘူးလား ၊ ကျွန်တော့်ကိုကြည့် တစ်ကိုယ်လုံးအလတ်ကြီး ၊ ကိုယ့်အားကိုယ်ကိုးနိုင်တယ် ။ လာခေါ်ပေးဖို့ မလိုဘူး ။"

"ကိုယ် ... မင်းကို စတွေ့တဲ့နေ့ကတည်းက သေချာကြည့်ပြီးပါပြီ ။"

ချွမ်ရွေ့မှာတော့ ဂျောင်ဟျွန်းအား မနိုင်သည့်အနေဖြင့် မျက်ဖြူစိုက်ပြလိုက်တော့သည် ။

"ခေါင်းမမာပါနဲ့ ၊ ချွမ်ရွေ့ရယ် ။ ကိုယ် ... လာခေါ်တော့ မင်းလည်း သက်သာတာပေါ့ ၊ မမေ့နဲ့နော် ၊ လက်ရှိမှာ မင်းက ကိုယ့်ရဲ့ကောင်လေးပဲ ။"

"ကျွန်တော့်နာမည်အရင်းကို မခေါ်နဲ့ ။"

"အို ... ကောင်းပါပြီ ။ ကိုယ်ယောင်ပြီး ထွက်သွားမိလို့ပါ ။"

ချွမ်ရွေ့မှာတော့ ဂျစ်ကန်ကန် မျက်နှာဘေးလေးနှင့်ပင် ကားထဲသို့ဝင်သွားပြီဖြစ်သော်လည်း ၊ ဂျောင်ဟျွန်းမှာတော့ Macha ဗူးလေးအား ကုန်အောင်သောက်လိုက်ပြီးမှသာ ကားပေါ်သို့တက်လာခဲ့လေ၏ ။

blue | jeonghyeon x ricky Where stories live. Discover now