4 | 💙

246 60 6
                                    

부드러운 풍속,
데이지의 키스 끝으로,
연주했지만,
자존심 때문에 실패하고 싶지 않다. 🌼

...

နှုတ်ခမ်းချင်းထိရုံမျှသည် အနမ်းဟု မခေါ်ဆိုနိုင်သော်ငြား ၊ ပြန်လည်၍ ရှောင်ဖယ်ခွါသွားသော ဂျောင်ဟျွန်းကြောင့် ချွမ်ရွေ့မှာ အနည်းငယ်မျှတော့ စိတ်ကသိကအောက် ဖြစ်သွားခဲ့ရသည် ။

"ကိုယ် ... တောင်းပန်ပါတယ် ၊ ရုတ်တရက်အချိန်မှာကျ ကိုယ် ... လုပ်သင့် ၊ မလုပ်သင့်ကို မစဉ်းစားနိုင်ခဲ့ဘူး ။"

"ခင်ဗျား ... နောက်အခါတွေကျ ကျွန်တော့်ခွင့်ပြုချက်မရဘဲ ၊ ကျွန်တော့်အသားကို လာမထိပါနဲ့ ။"

"ကိုယ် ... မှတ်ထားပါ့မယ် ။"

အံကြိတ်ကာဖြင့် ပြောလာသော ကောင်လေးအားကြည့်ကာ ဂျောင်ဟျွန်း၏ စိတ်ထဲတွင် အမျိုးအမည်မသိသော ခံစားချက်ကြီး ဖြစ်ပေါ်လာခဲ့၏ ။ နံဘေးရှိကောင်လေးမှာတော့ သူ၏ကားပေါ်မှ ဆင်းသွားပြီဖြစ်သည် ။

အီဂျောင်ဟျွန်း ... မင်း ဘာလုပ်မိလိုက်တာလဲကွာ

ကားထိုင်ခုံနောက်သို့ မှီထိုင်လိုက်ပြီးနောက် မျက်လုံးများအားမှိတ်ချလိုက်ပြီး ၊ နဖူးပေါ်သို့ လက်တစ်ဖက်အား တင်ပြီးချိန်မှာတော့ မှန်တံခါးခေါက်သံယဲ့ယဲ့လေးအား ဂျောင်ဟျွန်းကြားလိုက်ရ၏ ။ မျက်လုံးများအား ဖွင့်ကြည့်မိချိန်မှာတော့ ၊ ဒေါသဖြစ်နေသောအနေအထားနှင့် တည်ရှိနေသော သူ၏ဇနီးဖြစ်သူအား တွေ့ရှိလိုက်ရလေသည် ။

ကားမှန်တံခါးအချတွင် ဆင်းခဲ့ရန်အချက်ပြလာသောကြောင့် ဂျောင်ဟျွန်းတစ်ယောက် လေးလံစွာပင် ကားပေါ်မှဆင်းခဲ့လိုက်လေ၏ ။

"ရှင် ... သည်နေရာကို ဘာထင်နေတာလဲ ။ ဒါ ကုမ္မဏီနော် ၊ လမ်းဘေးမဟုတ်ဘူး ။"

"ငါကရော ... ဘာလုပ်နေလို့လဲ ၊ ဂျင်ဆွန်းအီရဲ့ ။"

"အီဂျောင်ဟျွန်း ... ရှင့်ကို လူတွေကွက်ကြည့် ၊ ကွက်ကြည့် လုပ်နေတာကို ရှင်တကယ်ပဲ အမှုမထားတာလား ။ ဒါမှမဟုတ် ၊ ကျွန်မကို အရှက်ခွဲချင်နေတာလား ။"

blue | jeonghyeon x ricky Where stories live. Discover now