(120)အမှတ်တမဲ့နဲ့ စတော်ဘယ်ရီခင်းလေးပေါ်သွားပြီ

2.3K 311 4
                                    

120) အမှတ်တမဲ့နဲ့ စတော်ဘယ်ရီခင်းလေးပေါ်သွားပြီ

"ဒီမှာထား .. ဒါ နဲ့ ဒါက .. အဝေးကို"

ရှန်ချင်းရှု အခန်းထဲမှ အရာတွေကို လက်ညိုးထိုးပြီး တစ်ခုပြီးတစ်ခုပြောနေခဲ့တယ်။

"စကားမစပ် .. ကိုယ်တို့တွေ ဒီအရုပ်တွေအားလုံးကို အဝေးမှာပို့ထားရမှာလား"

သူ့ရဲ့စကားကိုကြားတော့ ရှန်ချင်းရှု သတိရသွားရပြန်တယ်။

"ကျွန်တော် ဒါတွေကို ကျွန်တော့်အခန်းထဲမှာထည့်ထားရမယ်.. ခင်ဗျား အမေလာရင် ခင်ဗျားရဲ့အခန်းဖော်ဖြစ်တဲ့ ကျွန်တော့်အခန်းကိုပါ လိုက်ကြည့်မှာလား"

ရှန်ချင်းရှု ပြောရင်းနဲ့ ဟန်ချောင်ရဲ့အိပ်ယာဘေးမှ အရုပ်တွေကို ကောက်ယူကာ စတင်သန့်ရှင်းလိုက်တယ်။

ဟန်ချောင် ဒါကိုကြည့်ရင်း မလိုလားတဲ့ ခံစားချက်တွေ ပြည့်လာရတယ်။
သူ့ရဲ့ချစ်စရာကောင်းတဲ့ ပုံတူအရုပ်လေးတွေ!

ဒါလေးတွေက သူနဲ့အတူ နေ့တွေညတွေအများကြီးအတူရှိလာတာလေ.. အခုတော့ဖုံးကွယ်ခံလိုက်ရတော့မယ်!

သနားစရာကောင်းလွန်းတယ်!

"အဝတ်အစားတွေရော"

ရှန်ချင်းရှု ဟန်ချောင်ရဲ့ဘီဒိုကိုဖွင့်ပြီး သူ့ရဲ့အဝတ်အစားတွေကို လှမ်းယူလိုက်တယ်။

"ဒါတွေကို ကျွန်တော့်အခန်းမှာအရင်ပြန်ထားလိုက်ဦးမယ်"

"အဲလောက်မလိုပါဘူး.. ကိုယ့်အမေက ဘီဒိုကိုတော့ ဖွင့်ကြည့်မှာမဟုတ်ဘူးလေ"

" ဖွင့်ခဲ့ရင်ရော"
ရှန်ချင်းရှု စိုက်ကြည့်လိုက်တယ်။

"တကယ်လို့ သူမ ဖွင့်ကြည့်လာရင် ကျွန်တော်တို့ပေါ်သွားမှာပေါ့"

ဟန်ချောင်:...

ဟန်ချောင်တစ်ယောက် တစ်ဖက်လူက အဝတ်အစားတွေကို သူ့အခန်းဆီ တစ်ခေါက်ပြီးတစ်ခေါက် ပြောင်းရွှေ့နေတာကိုပဲကြည့်နေရတော့တယ်။

ရှန်ချင်းရှု ဖန်ထည်ရုံးခန်းပုံစံသေတ္တာလေးကိုလည်းဖွတ်လိုက်တယ်။ပြီးနောက် ဟန်ချောင်ရဲ့ ရေချိုးခန်းထဲကိုသွားပြီး အကြာကြီး စစ်ဆေးနေခဲ့တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now