(72)ကျွန်တော်ကဆန်ကုန်မြေလေးအမှိုက်ကောင်မဟုတ်ဘူး

3.5K 673 94
                                    

Unicode

ကျွန်တော်ကဆန်ကုန်မြေလေးအမှိုက်ကောင်မဟုတ်ဘူး

( note_ ဒီအပိုင်းက E tranမှာပျက်နေတဲ့အတွက် MTLထဲကပြန်ထားတာပါ
အရှိန်ပျက်သွားမှာစိုးလို့ full chapter နော်)

ဟန်ချောင်တစ်ယောက် ညကိုးနာရီအချိန်မှသာ ဟိုတယ်ကိုအနားယူဖို့ပြန်ရောက်လာခဲ့တယ် ။ ယနေ့မှာ ရှန်ချင်းရှုပါဝင်တဲ့ပရိုဂရမ်က ထုတ်လွှင့်လာလောက်တယ်ဆိုတာကို သူမှတ်မိနေတုန်းပဲ။

သူဖုန်းကိုဖွင့်ကာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲကိုဝင်ခါနီးမှာပဲ အခန်းတံခါးခေါက်သံကိုကြားလိုက်ရတယ်။

ဟန်ချောင် ထရပ်ပြီးအခန်းတံခါးကိုဖွင့်လိုက်တော့ သူတို့ရဲ့အလုပ်ပါတနာဖြစ်သူရဲ့သမီးမှာ အခန်းတံခါးဝမှာအပြုံးလေးနဲ့မတ်တပ်ရပ်နေကြောင်းကို မြင်လိုက်ရလေတယ်။

"ကျွန်မရဲ့သူငယ်ချင်းက ဆယ်နာရီမှာပြမဲ့ ရုပ်ရှင်လက်မှတ်နှစ်စောင်ပေးထားလို့လေ.. အဲဒါ ဟန်ကော ကျွန်မနဲ့အတူလိုက်ကြည့်ချင်လားဟင်"

ဟန်ချောင်:...

သူ့အနေနဲ့ ဒီအလုပ်ခရီးစဥ်ထဲမှာ ဘလိုင်းဒိတ်အစီအစဥ်ပါ ပါရှိနေကြောင်းကိုမသိခဲ့ဘူး။

"ငါပင်ပန်းနေပြီ အခုအနားယူတော့မလို့"

"အခုမှ ကိုးနာရီပဲရှိသေးတာလေ အရမ်းစောနေသေးတာကို"
မိန်းကလေးက နူးနူးညံ့ညံ့လေးအတွန့်တက်လာတယ်။

ဟန်ချောင် ပြုံးလိုက်ပြီး:

"စောစောအိပ်ပြီး စောစောထတာက ကျန်းမာရေးအတွက်ကောင်းတယ်လေ.. မင်းနဲ့အတူကြည့်ဖို့နောက်တစ်ယောက်ကိုရှာလိုက်ပါ ကျေးဇူး"

ပြီးနောက် စကားပြန်ကိုမစောင့်တော့ပဲ တံခါးကိုပြန်ပိတ်လိုက်တယ်။ ပြီးနောက် သူလုပ်လက်စအရာကိုဆက်လုပ်ဖို့ ခုတင်ပေါ်ကိုပြန်လာခဲ့တယ်။

ဟန်ပါးပါးမှာ သူ့ရဲ့အလုပ်ပါတနာနဲ့အတူသောက်နေတုန်းဖြစ်ပြီး တစ်ဖက်လူကထိုအကြောင်းကိုပြောလာတာကိုကြားလိုက်ရတော့ ရယ်မောပြီးပြန်ပြောလိုက်လေရဲ့။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now