EP 1

1.2K 68 5
                                    

Unicode Version

နက်စွေးနေသော သံပန်း၊ ညိုးချောက်နေပြီဖြစ်သော နှင်းဆီပန်းအနက်ရောင်အပင်များသည် သံပန်းတံခါးမှ ဖွင့်ပြီးဝင်ရောက်ပြီးနောက်ရဲတိုက်ကိုဉီးတည်သော လျောက်လမ်းလေး ဘေးတဖက်တွင် နေရာယူထားသည်။ အလင်းရောင်ဟူ၍ တိမ်တိုက်တွေထဲမှအတင်းတိုးထွက်နေသော တခြမ်းကွေးလမင်းဆီမှသာ ရှိမည်။ ဒီရဲတိုက်ကို တမင်အလင်းရောင်ပေးနေသလိုပင်။

ရဲတိုက်ကို ခြံဝန်းတခုဖြင့် ဘောင်ခပ်ထားသည်။ အနက်ရောင်ဆေးသုတ်ထားသည်ကျွန်းတံခါးက လာရောက်ဖွင့် မည့်သူကိုမျှော်လင့်တောင့်တနေသလိုပင်၊
အေးစိမ့်စိမ့်အနေအထားကြီးက ဒီနေရာမှာနေဖို့မသင့်တော်သည့်အသွင်အပြင်ကိုဖော်ပြနေသလို၊ တိုက်ခိုက်လာ သောလေအေးကြောင့် ဖြစ်နိုင်ရင်တော့အမြန်ဆုံးထွက်သွားဖို့တော့လိုအပ်မည်. သို့သော် စပ်စုလိုသူတွေအတွက် ကတော့ ဒီနေရာကအင်မတန်ဆွဲဆောင်နေမည်သာ.

ဖြူလွလွ လက်တစုံက ထိုအနက်ရောင်ကျွန်းတံခါးကို တွန်းဖွင့်လိုက်ချိန်မှာတော့ လှေကားနက်နက်ပေါ်တွင် ထိုင်နေသော လူတယောက်ကအသင့်စောင့်နေသည်။ လက်ထဲမှာ နှင်းဆီပန်းအညိုး တပွင့်ကိုင်ထားပြီး တစုံတခုကိုမျှော်လင့်နေသည့်အပြုံးတခု၊ နီရဲရဲနူတ်ခမ်းတစုံက အပြုံးနှင့်အတူ

“ရောက်လာပြီလား”

ထိုစကားသံအဆုံး အဖြူရောင်လက်ပိုင်ရှင်ရဲ့ခန္ဓာကိုယ်မှာအနောက်ကိုဆွဲယူခံလိုက်ရသလို လွင့်စင်ပြီးနောက် ကျွန်းတံခါးပြန်ပိတ်သွားသလိုခြံတန်းအပြင်ဘက်ကိုလဲဆွဲယူခံလိုက်ရသည့်နောက်တော့

“ဟမ်း"

ခန္ဓာကိုယ်ဆတ်ခနဲတုန်ပြီး အိပ်မက်ဆိုးတခုမှလန့်နိုးလာတော့သည်။ ရင်ဘက်မှာနိမ့်ခြည်မြင့်ခြည် နှင့် လည်ချောင်းမှာလဲ ခြောက်သွေ့နေသည်။ ချွေးစေးများထွက်နေပြိး ဒီနေရာထိဆွဲယူခံလိုက်သလို ပင်ပန်းနေခဲ့ သည်။ ကုတင်ဘေးမှနာရီကိုတချက်ကြည့်သော အချိန်က မနက်၁း၀၀. အမြဲတမ်းအခုလိုပင်။ ထိုအိပ်မက်ကို အမြဲလိုလိုမက်သည်။ အလွတ်လဲရနေပါပြီ.

အိပ်မက်ကနိုးထလာတိုင်း ယခုလိုပဲ၊ အရမ်းပင်ပန်းနေတက်သည်။ ထို့နည်းတူ သူ လှဲနေရာမှထထိုင်ရင်း ကုတင်ပေါ်မှဆင်းသည်။
အနွယ်တော်တစ်ဉီးဖြစ်သည်နှင့်အညီ သူနေထိုင်သည့်နေရာသည်လဲ အနွယ်တော်တွေလက်ဆင့်ကမ်း နေထိုင် သည့်ဟော် အတွင်းသာဖြစ်သည်၊ သူ ၁၂ နှစ်အရွယ်ကတဲက ဒီဟော်နန်းကိုရောက်လာခဲ့သည်။ ယခု အသက် ၂၀ပြည့်ပါပြီ။  အခန်းထဲမှထွက်လာပြီး နောက် ဟောခန်းကျယ်တခုကိုရောက်သည်။ ထိုဟောခန်း ရဲ့ တဖက်ချမ်း မှာစာ မီးဖိုဆောင်ရှိသည်။

အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)Onde histórias criam vida. Descubra agora