Episode 8

10.4K 964 84
                                    

#Unicode

"ဆရာ Kim...အဆင်ပြေရဲ့လား"

Hwa Young က Taehyung ကို အားကိုးတကြီးဖက်တွယ်ကာ မေးနေသည်။ သူမ၏ တစ်ကိုယ်လုံး တုန်ယင်ကာ မျက်ရည်တွေလဲ စိုရွှဲနေလေ၏ ။

"စိတ်အေးအေးထားနော် Hwa Young...ငါက အဆင်ပြေနေပါတယ်"

"ကျွန်မလေ ဆရာ့ကို မတွေ့ရတော့ဘူးလို့ထင်ထားခဲ့တာ ။ ဆရာ့ကို ကျေးဇူးမဆပ်နိုင်တော့ဘူးလို့ တွေးပြီးဝမ်းနည်းနေမိတာ"

ငိုကြွေးနေတဲ့ Hwa Young ရဲ့ ကျောပြင်ကို Taehyung အသာပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည် ။ သူမက ဘယ်လောက်ပဲ သန်မာချင်ယောင်ဆောင်ထားပါစေ မိန်းကလေး တစ်ယောက်ပဲမဟုတ်လား ။

"ရဲအရာရှိ Jeonက ဆရာ့ကို ဂရုစိုက်ပေးဖို့ ကျွန်မကို အတန်တန်မှာခဲ့တာ ။ ဆရာသာ တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ကျွန်မလေ ရဲအရာရှိJeon ကိုလဲ မျက်နှာပြရဲတော့မှာမဟုတ်တော့ဘူး "

Taehyung ၏ရင်ထဲတွင် ဝမ်းနည်းစိတ်နှင့်အတူ နာကျင်လာရသည် ။
Jeon ကို လွမ်း၍ မျက်ရည်တွေပင်စီးကျလာရ၏ ။
သူသာ Jeon စကားကို နားထောင်ပြီး ဂန်ယူကို မသွားခဲ့ဘူးဆိုရင် အခုလို အခြေအနေတွေဖြစ်လာရမှာမဟုတ်ပေ ။

"Hwa Young ah... ခဏပဲ အားတင်းထားနော် ။ ဒီကနေ ရအောင်ထွက်သွားကြမယ် ... ဒီကြားထဲမှာတော့ အလိုက်အထိုက်လေးနေလိုက် .. ဟုတ်ပြီလား "

"ဟုတ်ကဲ့ပါ ဆရာ "

Taehyung နူးညံ့စွာပြုံးပြလိုက်ပါသည် ။
ဘာပဲဖြစ်ဖြစ် သူက သန်မာနေမှရလိမ့်မည်။
Jeon အတွက် ၊ ပြီးတော့ ဆေးအဖွဲ့အတွက် သူက သန်မာနေရမည် ။

"Min Hyun စာပို့ထားတယ် ဆရာ ။ သိပ်မကြာခင်မှာ ရဲအရာရှိ Jeon ဆီကို စာရောက်ပါလိမ့်မယ် ... ကျွန်မတို့ အဲ့ဒီအခြေအနေကို စောင့်ရုံပါပဲ"

Taehyung ဝမ်းသာရသလို တစ်ဆက်တည်းမှာပင် စိုးရိမ်စိတ်ဝင်ရသည် ။ Jeon ကို နည်းနည်းလေးတောင် အထိအခိုက်မခံနိုင်ပါ ..
ဓားပြခေါင်းဆောင်က ဘယ်လောက်တောင် ရက်စက် ကြမ်းကြုတ်လဲဆိုတာကို သူသိသည် ။

"ဒါပေမဲ့ .. ငါJeonကို ဒီနေရာကနေ စောင့်မနေချင်ဘူး Hwa Young ... ငါကပဲ Jeon ရှိတဲ့နေရာကို ရောက်အောင်သွားချင်တယ် ။ ဒီနေရာက Jeon ရောက်လာသင့်တဲ့နေရာမဟုတ်ဘူး "

WHY Not Me?(Completed)Where stories live. Discover now