"သခင်လေး နိုးပါပီလား"
"Jeonghyeon ဘယ်ရောက်နေ"
"သခင်လေးနိုးလာရင် ခြံထဲကိုလွှတ်လိုက်ပါလို့ ပြောထားပါတယ်"
"ဟုတ်ပီ ကျေးဇူးပဲ"
ညအိပ်ဝတ်စုံ အပြာနုလေးနဲ့ သခင်လေး Shen Ricky က နိုးကာစဖြစ်တာကြောင့် မျက်နှာလေးမှာ ဖောင်းဖောင်းလေးဖြစ်နေလေသည်။
ပုံမှန်လို နိုးလာတာနဲ့ ဘေးနားမှာ Jeonghyeon ရှိမနေတာကြောင့် မျက်စိနှစ်လုံးဖွင့်ကထဲက Ricky ခမျာ ကြက်မကြီး ကြက်သားပေါက်ပျောက်သလို တစ်ကျီကျီလိုက်မေးနေရသည်။
"Darling.!"
"Morning Angel"
"Morning"
လက်ထဲက ဖိုင်တွဲတွေကို စားပွဲအဖြူလေးပေါ်တင်ကာ Jeonghyeon က အနားရောက်လာတဲ့ Ricky ခါးကိုဆွဲဖက်လို့ ပါးနုနုကို အနမ်းခြွေပါ၏။
"ဘာလို့အစောကြီးထလာတာလဲ အိပ်နေသေးတာမဟုတ်ဘူး"
"ဒီမှာ Lee Jeonghyeon-shi ဆယ်နာရီခွဲကျော်လို့ ဆယ့်တစ်နာရီပဲ ထိုးတော့မယ် ဘယ်နားစောနေလို့လဲ"
"ပင်ပန်းနေမယ်ထင်လို့ပါ မနေ့ညက အာ့"
Jeonghyeon ပုခုံးပေါ် မေးတင်ထားတဲ့ Ricky ရဲ့ သွားစွယ်ချွန်ချွန်လေးတွေက ပါးစပ်နီးရာပုခုံးသားကို ကုန်းကိုက်လိုက်ခြင်း။
"Shush.!!"
သွားရာအကွင်းလိုက် ကျန်နေခဲ့တာကိုမှမမူ Jeonghyeon ကခပ်ဖွဖွရယ်ရင်း Ricky သတိမထားမိခဲ့တဲ့ စားပွဲပေါ်က ပန်းစည်းကို လက်ထဲသို့ ထည့်ပေးသည်။
"Lilacs..?"
"ပထမဆုံးအချစ်ကို ကိုယ်စားပြုတယ်တဲ့"
"ကျွန်တော်က Darling ရဲ့ Frist Love ပေါ့"
"ဟုတ်မှာပေါ့"
"ဝူးဝူးဝါးဝါးတွေ လာမလုပ်နဲ့နော် မျက်စိနောက်လာရင် အရေခံခွာပစ်မှာ"
ဘယ်လိုပဲ ကြောက်စရာကောင်းအောင် Ricky က သရုပ်ဖော်နေပါစေ Jeonghyeon ကတော့ နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးရင်းသာပင်။
"မနက်စာသွားစားမယ် လာ ဗိုက်ဆာနေတာသေတော့မယ်"
ဆောင့်ဆောင့်အောင့်အောင့် အိမ်ထဲဝင်သွားတဲ့ သခင်လေးနောက်ကို Mafia မကလို့ သမ္မတပဲဖြစ်နေပါစေ Lee Jeonghyeon တို့ ကောက်ကောက်ပါအောင် လိုက်ရပါ၏။
YOU ARE READING
Yuanfen
FanfictionLee Jeonghyeon who is a Mafia boss and his personal doctor, Shen Ricky.