나는 마음의 평화를 원한다
당신도 행복했으면 좋겠어요. 🍓...
တွေ့ဆုံမှုသည် လေးနှစ်ကျော်ကြာခဲ့သည့်တိုင် အနည်ထိုင်နေခဲ့သည့် ချစ်ခြင်းတရားများအား မမြင်နိုင်ခဲ့သော သူတစ်ဦးလည်း ရှိနေခဲ့ပါ၏ ။
နေ့စဉ်ပင် ထိုချစ်ခြင်းတရားလေး၏ ဆူသံ ၊ ငေါက်သံများအား ကြားနေရစမြဲဖြစ်နေသောသူသည် ၊ ထိုဆူသံ ၊ ငေါက်သံများအား နားယဉ်နေပြီဖြစ်ပြီး ပြုံးခဲ့သည်မှာလည်း အကြိမ်ကြိမ်ပင် ~
ရှန်ချွမ်ရွေ့ ... ။ အဲ့သည့် ကောင်လေး ၊ လူမျိုးခြားဖြစ်သည့်တိုင် အရာအားလုံးအား နှံ့စပ်နေအောင်သိနေသော ကောင်လေး ၊ ဂျောင်ဟျွန်း၏ စကားများအား တစ်ခွန်းမကျန် ကန့်လန့်တိုက်တတ်သောကောင်လေး ၊ ထိုကောင်လေးအား ဘယ်လိုနည်းနှင့်ပင်မဆို ချုပ်ကိုင်ထားချင်သည့် အတ္တစိတ်သည် ဂျောင်ဟျွန်းအား အမြဲပင်ညှင်းပန်းနှိပ်စက်နေခဲ့သည် ။
လက်ထဲရှိစီးကရက်လိပ်အား ဂျောင်ဟျွန်းတစ်ချက်မျှကြည့်လိုက်ကာ တစ်ခါတည်းပင် ရှိုက်လိုက်မိ၏ ။
"ကိုယ် ... တောင်းပန်ပါတယ် ၊ မင်းကို ဆေးလိပ်ဖြတ်လိုက်မယ် လို့ လိမ်ပြောခဲ့မိတဲ့အတွက် ။ မင်းရှေ့မှာတော့ ကိုယ်မသောက်ပါဘူး ၊ ကိုယ့်ကြောင့်နဲ့ ... မင်း စိတ်အဆင်မပြေဖြစ်ရရင် ကိုယ် လွန်ရာ ကျမှာပေါ့ ။"
ကုန်ဆုံးသွားသော စီးကရက်လိပ်အားကြည့်လိုက်ခါဖြင့် တီးတိုးစွာထွက်လာသောစကားသံသည် ခပ်ရှရှနှင့် ... ။
စတိုးဆိုင်အတွင်း ပစ္စည်းများအားစီနေသော ကောင်လေးထံ တစ်ချက်မျှဝေ့ဝဲကြည့်လိုက်ကာဖြင့် လေးလံနေသော စိတ်အစဉ်အား ဂျောင်ဟျွန်းတစ်ယောက် ဖြေလျော့လိုက်ပါတော့သည် ။
"သည်ကနေ့တော့ ... ကိုယ် မင်းကို အိမ်အထိလိုက်မပို့နိုင်တော့ဘူး ၊ ချွမ်ရွေ့ ။ ဆိုပေမဲ့ ... ကိုယ် မင်းကို လာတော့ ကြည့်ဖြစ်ခဲ့ပါတယ် ။"
အဆွေးဓာတ်ခံပါသော အသံရှရှကလေးသည်တော့ ကားစက်နှိုးလိုက်မှုနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည် ။
YOU ARE READING
blue | jeonghyeon x ricky
FanficI want you, I'll be blue ... Anything it takes to make you stay ... Only seeing myself ... When I'm looking up at you 🫧 Based on Troye Sivan's BLUE. • Jeonghyeon x Ricky • Start Date : 27.5.2023 End Date :