EP 2.1

568 52 5
                                    

Unicode Version

ညို့ရစ်တမ်း၊

နောက်ဆုံးနှစ်ကျောင်းသူ၊ ဘူမိအထူးပြု၊ စာတော်တဲ့ကျောင်းသူ။ အများဂရုစိုက်ခံရသည့် သူ၊ ဆံပင်ကို အမြဲလိုလို ငွေဖြူရောင်ဆေးဆိုးထား တက်ပြီး တခါလေ အရှည်၊ တခါတလေ အတို။ သူ့ရဲ့ ကြာမျက်ဝန်းတွေ ကြောင့်လူသိ များတယ်ဆိုလဲ မငြင်းနိုင်ပေ၊ သူ့မျက်ဝန်း တွေနဲ့အကြည့်ခံရသူက မည်သူဖြစ်ဖြစ် သူ့အပေါ် ကြွေဆင်းသွားတယ် လို့ ပြောကြသည်။

သူကိုယ်တိုင်မမှတ် ယူထားပေမယ့်  အဲဒီလိုဖြစ်နေသလားပဲ၊ မိန်းကလေးကော ယောကျ်ားလေးကော သူမကိုသဘော ကျပေမယ့်၊ ပြဿနာ တချို့လဲရှိသည်။ ကျောင်းတွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားသည့် ကိစ္စ ပင်၊

သူမဘာဆိုတာ မဖော်ပြလို့မရတော့သည့်ကိစ္စက။

သူငယ်ချင်းဖြစ်သူရဲ့ကောင်လေးက တချိန်က သူမကို လိုက်ခဲ့ဖူးသည်၊ ယောကျား်တွေကိုသဘော မကျတဲ့ အတွက် ငြင်းခဲ့ရာက သူငယ်ချင်းနဲ့ ချစ်သူဖြစ်ချိန်၊
သူမက တဖက်သတ်ကြိုက်နေသူ။ သူငယ်ချင်းဖြစ်သူရဲ့ ရည်းစားကိုစနိုက်ကျော် ချင်သူဟူ၍ အရှက်ခွဲမှုကြောင့် သူမ လူသိရှင်ကြားရှင်းလင်းပြီး သူမ ဂေးနေကြောင်းဖော်ထုတ်ခဲ့ခြင်းဖြစ်သည်၊

ထို့ကြောင့်တချို့တွေရဲ့ အထင်သေးခြင်း ကိုခံရသလို သူမလို ဘဝတူတွေ၊သို့မဟုတ်၊ LGBT ကိုလက်ခံသူတွေအတွက်တော့ သူမကသူရဲကောင်းပါ၊ သူရဲကောင်းဖြစ်ချင်လို့ တော့မဟုတ်,

သို့သော် အခြေအနေ ဆိုတာရှိနေသည့်အတွက် သူမရှောင်လွှဲလို့ မရခဲ့ပေ။ သူမကိုယ်တိုင် Come out လုပ်ပြီး နောက် အသွင်အပြင်က အစသိသိသာသာ ပြောင်းလဲနိုင်သည်။ ယခုတော့ သူမ က အရွယ်ရောက်နေတဲ့ လူငယ် တယောက်ဖြစ်နေခဲ့ပြီ,

အစိုးမရတဲ့အိပ်မက်ဆိုးတွေရဲ့ အလွန် သူမကို အင်မတန်မုန်းနေသည့် မိန်းကလေးကြောင့် အသက်ဆက်ခွင့်ရ သည်ဆိုတာ သဘာဝလွန်ဆိုပေမယ့် ညို့ သူ့ကို မမုန်းမိပါ။ ဘဝပေးကံကြောင့်လား၊ အတိတ်ဘဝက ရေစက်ကြောင့် လားဆိုတာ။

“ဒါ ငါ့သမီး” ဂုဏ်ယူဝံ့ကကြွားစွာ ပြောလာသည်ကြောင့် ကျော်ဇောနိုင် သူ့သမီးကိုအင်မတန်ချစ်သည့် အသွင်ကို မြင်တွေ့နေရသည်။

အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)Where stories live. Discover now