၃ နှစ်ခန့်ကြာသော် ...
အိမ်ထောင်သက် ၃ နှစ်မှာ ပြောင်းလဲသွားတာတွေကို
အရင်ပြောရမယ်ဆိုရင် အခုဆို သျှားတို့မှာသားသားလေးတစ်ယောက်ဖြင့် ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်နေရပြီဖြစ်သည် ..
သားကြောင့် ဆေးခန်းအလုပ်တွေကိုရပ်နားလိုက်ချင်ပေမယ့် ရပ်နားလို့မဖြစ်တဲ့လူနာတွေရဲ့ အသက်တွေက သူ့လက်ထဲမှာရှိသည် ..
ဒါကြောင့် သားနားမှာအချိန်ပြည့်ရှိမနေနိုင်ပဲ အမြဲအလုပ်ရှုပ်နေရသည် ..
ဒါကြောင့်လည်း ဒီနှစ်တွေအတွင်း မောင်နဲ့ပြဿနာတက်ရတာလည်း တစ်ကြိမ်နှစ်ကြိမ်မကတော့ပေ ။
သျှားဘက်ကလစ်ဟာမှုတွေကြောင့် မောင့်ကိုလည်းအားနာမိပါသည် သို့ပေမယ့် ..
သျှားဘာကိုရွေးသင့်လဲ ? ခေါင်းခဲရသည်မှာလည်း အကြိမ်ပေါင်းမနည်း ..
" ဒေါက်တာ .. ဒီနေ့မလန်းသလိုပဲနော် ညိုကော်ဖီဖျော်ခဲ့ပေးရမလား "
" ဟုတ်.. တစ်ခွက်လောက်ရမလား ညို "
သျှားတို့ရဲ့ဆေးခန်းလေးကိုလည်း ထပ်မံမွန်းမံတိုးချဲ့ရင်းကနေအခုဆို နယ်မှာဆေးရုံကြီးတောင်ဖြစ်နေလေပြီ ..
ဒါတွေကမောင့်"အကူအညီတွေပါတယ်ဆိုတာကိုလည်း သျှားယွန်းဝန်ခံပါတယ် ..
သားကိုမလွယ်ထားခင်အထိတော့ မောင်ကသျှားကို အပြည့်အဝ support ပေးခဲ့သည် ..
ဒါပေမယ့် သားကို ကိုယ်ဝန်လွယ်ထားရတယ်လို့သိတယ့်အချိန်ကစပြီး မောင်က သျှားကိုအလုပ်တွေကနေနားဖို့ ဖြောင်းဖြခဲ့တာ ။ သျှားကသာရှေ့ဆတ်တိုးခဲ့သည်
အခုရပ်လို့မရတဲ့အခြေအနေမှာ သားကိုမိခင်တစ်ယောက်အနေနဲ့အပြည့်အဝဂရုမစိုက်နိုင်တာကိုမြင်တော့ မောင်စိတ်ဆိုးရင်လည်း စိတ်ဆိုးသင့်ပါတယ်လေ
ဒီမနက်တင် အချင်းချင်းစကားများခဲ့တာမို့ သျှားမျက်နှာလေးမကောင်းနိုင်ပဲ မှိုင်ထွေနေရသည် ..
သားက အခု ၂ နှစ်ခွဲ အရွယ်လေးနဲ့မလိုက်အောင်စကားတတ်ကာ ချစ်ဖို့ကောင်းပြီး သူ့အဖေနဲ့တအားတူသည် ..
ESTÁS LEYENDO
Silent Kiss Season -2
FanficPromote - " မောင်ပြောတယ်လေ သဝန်တိုတယ်လို့ .. မောင် မင်းကိုသားနဲ့တောင် သဝန်တိုချင်တာ ဒီကောင်ဆိုလစ်လိုက်တော့လေ !" Jungkook <> oc