🧡အတိတ်မေ့ ခင်ပွန်း🧡intro
ဒီပယံတစ်ယောက် အောက်ထပ်မှာ ဆူညံလို့ဆင်းလာချိန်တွင် သူ့တပည့်တွေက ပေစုတ်နေပီး လူတစ်ယောက်လို့ထင်ရသူကို ရိုက်နှက်နေကြ၍ သူတားလိုက်သည်
သူ သူ့တပည့်တွေကိုအေးအေးဆေးဆေးနဲ့ အိမ်ရာမဲ့ကို နှင်ထုတ်လိုက်ဖို့ရာ ပြောရန်ပြင်တုန်းမှာပင်
ထိုအိမ်ရာမဲ့ဟာ မိန်းကလေးဖြစ်နေပြီး ကိုယ်ဝန်ဆောင်လည်းဖြစ်နေခဲ့သည်
ထို့နောက် သူ့တပည့်တွေကြောင့် ထိခိုက်သွားရတဲ့ ကိုယ်ဝန်ဆောင်မိန်းကလေးအား စောင့်ရှောက်ပေးနေပြီး သူမဟာ စိတ်မနှံ့တဲ့ မိန်းကလေးဖြစ်ကြောင်းကိုလည်း ရှာတွေ့ခဲ့သည်
သူဟာ စိတ်မနှံ့တဲ့ကောင်မလေးကို အခွင့်အရေးယူကာ စွန့်ပစ်ခဲ့တဲ့လူအား စုတ်တသပ်သပ်နဲ့ဆဲနေခဲ့သည်
သို့နှင့် ထိုစိတ်မနှံ့တဲ့ ကောင်မလေး မွေးသော ကလေးကြီးပြင်းတာကို သူကူညီပေးခဲ့သည်
"သခင်ကြီး....ဒီကလေးက တစ်ရက်တစ်ခြား သခင်ကြီးနဲ့တူမလာဘူးလား..."
"ဟေ..."
သူခပ်ဝေးဝေးက စိတ်မနှံ့တဲ့ကောင်မလေးနဲ့ ၅နှစ်အရွယ် သားလေးဆော့နေတာကိုကြည့်မိသည်
"အေး.....ဟုတ်မယ်..."
"သခင်ကြီး DNAစစ်ကြည့်ဖို့အတွက် ကျွန်တော်အကြံပေးပါရစေ"
ဒီပယံ သောက်နေတဲ့ကော်ဖီတွေ ထွေးထုတ်မိသွားတော့သည်
.................. ...............
ဒါလေးက သာသာတွေးထားတဲ့ ဝတ္ထုသစ် introလေးပါ ဖတ်ချင်သူများနေရင် သာသာတင်ပေးမယ်🤧
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....