Unicode Version
(စတင်တွေ့ဆုံခြင်း)
အလ်ခါ၊ အသက် ၂၁၊ စီးပွားရေးတက္ကသိုလ် မဟာတန်း အောင်ပြီး၊ ဖခင်မိုက်ကယ်အလ်ခါနှင့် မိခငိ ဘူမိမေဂျာ မှပါမောက္ခဒေါက်တာဒေါ်ပပမျိုးတို့ရဲ့ တဉီးတည်းသော သမီးလေး၊
ခရစ်ယာန်ကိုးကွယ်ပြီး ဂျာမန် မိန်းကလေး တယောက် အသွင်အပြင်မှာ အာရှလူမျိုး ရောစပ်ထားသော ကပြား မိန်းကလေးတဉီး။ ဆံပင်က အနီရောင်ဖြစ်ပြီး ပခုံးပေါ် မကျတကျ အနေအထား ရှိသည်၊နားတဖက်မှာ အရိုးခေါင်း ပုံစံ နားစွဲနှင့် အထက်နားတွင်တော့ နားကွင်းသေးသေး တခု တပ်ထားသည်။
သူအမြဲတမ်းနေထိုင်သည့်နေရာက ခြံဝန်းထဲက တလုပ်စကားပင်ဘေး၊ စံပယ်ခြံထဲတွင်သာ ဖြစ်သည်။မိုးအုံ့ပြီး ညို့မှိုင်းမှိုင်း အနေအထားမှာ ကောင်းကင်ကို မော့ကြည့်လျက်၊ ပုဆိုးနှင့် ရှပ်ကွက်ကို ဝတ်လေ့ရှိပေ မယ့် တခါတလေ စတိုင်ပန်လဲ ဝတ်တက်သည်။
မိန်းကလေး မဟုတ်ဘူးလား ဆိုရင် မိန်းကလေးပါ။ သို့သော် သားရူးရူး နေတယ်ခေါ်ရမလား၊ ငယ်ငယ် ကတဲက ယောက်ျားလေးတယောက်လို ထားတက်သည့်မိခင် ကြောင့် အသွင်အပြင်က ယောက်ျားလေးတယောက်လို့သာ။ ခေါ်တာတောင် သားဆိုပြီးတော့၊
ထို့ကြောင့် ယောက်ျားလျာ ပုံစံဖြစ်နေပေမယ့် မည်သူကိုမှ ချစ်ကြိုက်သည် မဟုတ်ပေ၊ တခုရှိသည် သူ့အနားမှာ အတူရှိနေပေးသူကတော့ ယောက်ျားစိတ်ပေါက်နေသည့် မိန်းကလေးတယောက် ဖြစ်သည်။ လက်ရှိချစ်သူကိုမှ မိန်းကလေး တယောက်ဖြစ်သည်၊
“အကိုလေး အိမ်ထဲဝင်တော့မလား”
အတွေးထဲ မျောနေသူ အလ်ခါ။ ကောင်းကင်ကြီးကို မော့ကြည့်ရင်းငေး မောနေတက်သည့် က တခါတလေ အချိန်အကြာကြီးထိပင်။ ထိုအခါမျိုးဆို အနားမှာရှိနေပေးသည်။ ယုမေက အမြဲသတိပေးတက်သည်။
“မေမေကော ပြန်မလာသေးဘူးလား”
သူငယ်ချင်းတယောက်ရဲ့ မွေးနေ့Dinner အပြန် ကားAccident ဖြစ်ပြီးနောက် ယခုလို အောက်ပိုင်းသေဘဝ ဖြစ် အသက်ဆက်ရှင်နေရသူ အတွက် အမျှော်လင့်ဆုံးက ဘာဖြစ်နိုင်လဲ
YOU ARE READING
အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)
Spiritualကံကြမ္မာအဆိုးအကောင်းထက် ကျိန်စာ တခုက ပိုအသက်ဝင်တယ် 💘 သူမကို ပိုင်ဆိုင်နိုင်ရမယ် ( အလ်ခါ -ညို့ရစ်တမ်း) ဂေးတွေကိုအမုန်းဆုံးပဲ (ရွှေရုပ်-ဆူးယံပန်း) နှစ်ဘဝဖူးစာ ပါ။ အလ်ခါ -ရွှေရုပ် နဲ့ ညို့ရစ်တမ်း-ဆူးယံပန်း။ Note; Not included Character Episode. Own c...