Prologue

347 30 4
                                    

အထပ်လိုက်ပုံနေတဲ့ဖိုင်တွေရယ် လည်ပင်းမှာတင်းကြပ်နေတဲ့နက်ခ်တိုင်ရယ် ညနေရုံးဆင်းချိန်ဆို တိုး‌ဝှေးနေတဲ့လူတွေရယ် အရှိန်ပြင်းပြင်းနဲ့ပြေးလွှားနေတဲ့ကားတွေရယ်...... ဆောင်းဟန်ဘင်းရဲ့နေ့စဉ်ဘဝဖြစ်ရပ်တွေပါပဲ ။ ဘွဲ့ရပြီးကတည်းက မိဘတွေရဲ့အလုပ်မှာဝိုင်းကူ‌‌ေပးခဲ့တာ အားလပ်ချိန်ရယ်လို့ စီးပွားဖက်တွေနဲ့ဂေါ့ဖ်ရိုက်တဲ့အချိန်ပဲရှိတယ် ။

နာရီကို တစ်ချက်ကြည့်လိုက်တော့ ခြောက်နာရီစွန်းစွန်း ။ ထိုအချိန် ဖုန်းမြည်သံတစ်ချက်ထွက်လာတယ် ။

"ဟယ်လို"

"အေး ဆောင်းဟန်ဘင်း ငါပါ ဒီနေ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတာ မှတ်မိတယ်မလား ရှစ်နာရီနော် လာဖြစ်အောင်လာခဲ့"

"လာဖြစ်ရင်လည်း လာခဲ့မယ် စောင့်တော့မစောင့်နဲ့"

"မင်းက အမြဲအဲ့လိုချည်းပဲ သူငယ်ချင်းတွေ အရမ်းကြာမှဆုံရတာ လာစမ်းပါကွာ"

"အေးကွာ လာခဲ့မယ် နဲနဲတော့ နောက်ကျမယ်"

ပြောပြီးတာနဲ့ဖုန်းကိုချလိုက်ပြီး ကားကိုသာ ဂရုစိုက်မောင်းနေလိုက်တယ် ။ စိတ်ထဲမှာတော့ တစ်စုံတစ်ရာကိုတွေးတောလျက် ။ ကျောင်းသားတွေ့ဆုံပွဲကို သူရော လာမှာလား...? မလာလောက်ဘူးထင်တယ် ဆူညံတဲ့နေရာတွေကို သဘောမကျဘူးမလား

.......................................…...…………………
"အေး ငါရောက်ပြီ ကားပါကင်မှာ ခနနေ တက်လာမယ်"

ကားပါကင်မှာ ကားကို သေချာနေရာချပြီးနောက် ကြိုတင်ဘိုကင်ယူထားတဲ့အခန်းထဲကို ဦးတည်လိုက်တယ် ။ မွန်းကြပ်စရာကောင်းတဲ့office wearမဟုတ်ပဲ T-shirt အဖြူကိုမှ Jeanအပြာရောင်နဲ့တွဲဖက်ဝတ်ထားတဲ့ဆောင်းဟန်ဘင်းက အထင်တန်းကျောင်းသားတစ်ယောက်လိုပါပဲ ။

"လာ လာ လာ အားလုံး လူစုံပြီဆိုတော့ ပါတီစရအောင် ဒီနေ့ ဘယ်သူမှ အိမ်မပြန်ရဘူး ဒီကလပ်က ငါ့အဖေပိုင်တာ မင်းတို့လုပ်ချင်သလို လုပ်ကြကွာ"

ပွဲပင်မစရသေး မူးသူကမူး ရူးသူကရူးနဲ့ ဆောင်းဟန်ဘင်းကတော့ အပျော့စားဝိုင်ကိုပဲ ဖြေးဖြေးချင်းမော့သောက်နေတယ် ။

"ဆောင်းဟန်ဘင်း! ငါတို့အတန်းခေါင်းဆောင်ကြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး အခုတော့ အသက်၃၀နားကပ်နေပြီ တခြားသူငယ်ချင်းတွေ စွံကုန်တာတောင် ‌ဒီကောင်က လူပျိုကြီးဖြစ်နေတုန်း"

ဆောင်းဟန်ဘင်းကတော့ ရီရင်းနဲ့ပဲ ခေါင်းတခါခါဖြင့် ပြောသမျှကို နားထောင်ပေးနေတယ် ။

"ဟယ်လို ဟယ်လို အားလုံး နားထောင်ကြ ငါတို့ကျောင်းတုန်းက Yearbook ယူလာတယ် ပြန်ကြည့်ရအောင် ပျော်စရာကောင်းမယ်ထင်တယ်"

သူငယ်ချင်းအုပ်စုထဲက ကျောင်းအုပ်ကြီးရဲ့သမီးက ထပြောတယ် ။

"နင်မကြောက်ဘူးဆိုတာ အာမခံလား Yearbookမှာ နင်နှပ်ချီးပေတဲ့ပုံတွေထွက်လာရင် ရူးသွားမလားပဲ"

"နင်ကသာ......"

ပွဲမစခင်ထဲက မူးရူးနေတဲ့သူငယ်ချင်းနဲ့ထိုကောင်မလေးနဲ့ ရန်ထဖြစ်ကြပါလေရော ။ ခနနေတော့ အသံတိတ်ပြီး Yearbookကို စဖွင့်ကြည့်ကြတယ် ။

"ဝိုး ဆောင်းဟန်ဘင်းကတော့ အခုထိ စောက်ချောကြီးဖြစ်နေတုန်းဟေ့"

Yearbookထဲက ဆောင်းဟန်ဘင်းရဲ့ပုံကိုကြည့်ပြီး သူငယ်ချင်းတွေက အော်ပြောကြတယ် ။ Yearbookရဲ့ နောက်ဆုံးမျက်နှာအရောက်မှာတော့ ....

"ဟင် ဒါက ဘယ်သူကြီးလဲ မင်းတို့သိကြလား"

"နာမည်ပါတယ်လေ ဖတ်ပေါ့ ကန်းနေလား"

"အေးပါဟ သိပါတယ်"

ကျန်းဟာအို...အနှီးကောင်လေးရဲ့နာမည်က ကျန်းဟာအိုပါတဲ့ ။

"ကျန်းဟာ ဘာကြီးလဲ အို ကျန်းဟာအိုတဲ့ ဘယ်သူလဲ ကျန်းဟာအိုက ရှိလား ဒီမှာရှိလား"

ဆောင်းဟန်ဘင်းလည်း မျက်လုံးဝေ့ပြီး လိုက်ရှာမိပါရဲ့ ။ ထိုအချိန် ထောင့်တစ်နေရာကနေ အသံထွက်လာခဲ့တယ် ။

"ငါက ကျန်းဟာအိုပဲ"

-ဆက်ရန်-

ဒီအတိုင်း plotလေးတွေးမိလို့ ရေးချမိရုံပါပဲ အရိုတွေလည်းမပါသလို ဓားတွေလည်းမပါပါဘူး side couple က အခုထိ ထည့်ဖို့စိတ်ကူးမရှိပါဘူး STALKERက ရေးဖို့အတွေးမဝင်သေးလို့ ဒါအရင်လာတင်တာပါ

With YouWhere stories live. Discover now