"ရား....Jihoonie ဒီလောက်ေခါ်နေတာကို စောင့်ပါဦး"
အမောတကောလိုက်လာသူကြောင့် အရှေ့တွင်သွားနေသောသူသည် ရပ်လိုက်ကာ မကြည်သလိုအကြည့်ဖြင့် စကားဆိုလာသည်။
"ဘာလဲကွာ...မြန်မြန်ပြော"
"အော်...မိုးတွေရွာနေတာလေ ရော့....ငါ့ထီးယူသွား မင်းစိုကုန်ရင် ဖျားနေလိမ့်မယ်"
သူ့ထီးကို ထိုးပေးကာ စိတ်ပူပေးသယောင်လည်းပြနေ၏။
"မလိုပါဘူး...မင်းဘာသာသွားပါ။ ငါ့ကို လာလာ flirt မနေနဲ့လို့ အကျိုးမရှိဘူး....သွား"
"မဟုတ်ဘူးလေ Jihoonie ငါက...
စကားကိုပင် ထပ်နားမထောင်တော့ပဲ လှည့်ထွက်သွားသောသူကြောင့် Soonyoung တစ်ယောက်ကြောင်အအဖြင့်သာ မိုးရိပ်ခိုရင်း ကျန်ခဲ့ပါတော့သည်။
"မင်းလည်း မမှတ်ဘူးနော်၊ ဒီလောက်ငြင်းခံနေရတာကို"
နောက်မှနေ၍ ခေါင်းတစ်ခါခါဖြင့်ပြောနေသည့် Jun တစ်ယောက်ကြောင့် ပို၍ပင်စိတ်တိုသွားရသည်။
"ဟေ့ရောင် မင်းမကူညီရင်လည်းနေကွာ...လာလာပြောင်မနေနဲ့"
"အေးပါကွာ...အလုပ်ဖြစ်မဖြစ်တော့မသိဘူး နည်းလမ်းတစ်ခုတော့ရှိတယ်...."
ရုတ်တရက်စိတ်ဝင်စားလာခါမှ အဖေက ဆက်မပြောပဲရပ်နေလေရဲ့....ဇာတ်ရှိန်မြင့်လာပြီဆို လုပ်ပြီ!!
"ပြောကွာ...မြန်မြန်.."
"ဟော..ဒီတိုင်းတော့ ဘယ်ရမလဲ..အမ်..မာလာရှမ်းကော တစ်ပွဲ ဆိုရင်ရော?"
"မင်းကလေ ငတ်ကိုငတ်တယ်သိလား.."
"မဝယ်ကျွေးချင်လည်းရတယ်နော်....သွားတော့မယ်"
ပြောပြောဆိုဆိုဖြင့် အိုက်တင်ခံကာ လှည့်ထွက်သွားသော Jun ကို ဂုတ်မှလှမ်းဆွဲကာ ဝယ်ကျွေးမည်ကတိပေး၍ အတင်းပြောခိုင်းရသည်။
"ငါတို့ တရုတ်မှာကွာ...လူတစ်ယောက်ကို ချစ်အောင်လုပ်ပေးနိုင်တဲ့ ဆေးရည်ရှိတယ်လို့ နာမည်ကြီးတယ်..."
"အဲ့တော့ တရုတ်ကိုသွားဝယ်ရမှာလား?"
"မင်းကလည်းကွာ ဖြတ်မပြောစမ်းနဲ့...ဆုံးအောင်နားထောင်ပါဟ"