Zawgyi....
မင်္ဂလာပွဲပြီးသွားတော့ အရင်အိမ်ကိုပဲပြန်လာကြတယ် haoကတော့ မလွတ်လပ်တော့တဲ့ကိုယ့်ဘဝကိုယ်တွေးပြီး ယူကြုံးမရဖြစ်နေရတယ် ယောကျာ်းလေးတယောက်ဖြစ်နေပြီး ဒီလိုပုံစံခံလိုက်ရတယ်ဆိုတာ တကယ်ကိုမဖြစ်သင့်
hanbin:babe အိမ်ရောက်ပြီလေ
hao hanbinပြောတော့မှ အသိပြန်ဝင်လာတော့ အိမ်ရောက်နေပြီဖြစ်သည် ဘာမှပြောချင်စိတ်လည်းမရှိတာမို့ ကားပေါ်ကဆင်းပြီး အိမ်ထဲဝင်သွားလိုက်သည် hanbinကတော့ haoနောက်ကနေလိုက်လာတာပေါ့
hanbin:ညစာတစ်ခုခုဝယ်ပေးရမလား babe
hao:စားချင်စိတ်မရှိဘူး ဒီလိုအခြေအနေမှာပျော်ပျော်ရွှင်ရွှင်နဲ့စားချင်စိတ်ရှိတယ်ထင်နေရင် ခင်များတော်တော်ရူးနေလို့ပဲ sung hanbin
haoပြောပြီးတာနဲ့ အပေါ်ထပ်ကသူ့အခန်းထဲကိုဝင်သွားလိုက်တယ် hanbinဘယ်လိုဘယ်ပုံနဲ့ကျန်ခဲ့တယ်မသိပေမယ့်ပေါ့
အပေါ်ထပ်ကိုတက်သွားတဲ့ haoကိုကြည့်ပြီး hanbin သက်ပြင်းချလိုက်မိတယ် haoကိုဒီလိုပုံစံဖြစ်စေခဲ့တာလည်း အဓိကတရားခံကသူပဲမဟုတ်လား haoကိုကောင်းတဲ့နည်းလမ်းတွေနဲ့ပဲချည်းကပ်ပြီး တဖြည်းဖြည်းဖွင့်ပြောလည်းရခဲ့ပေမယ့် ကိုယ့်စိတ်တစ်ခုထဲကြောင့်နဲ့ ဒီလိုပုံစံတွေလုပ်ခဲ့မိတာ နောက်ဆုတ်လို့မရတော့တဲ့ဇာတ်လမ်းတစ်ခုမှာ hanbinတယောက် haoသူ့ကိုအကောင်းမြင်ဖို့ဆုတောင်းနေရုံပဲရှိတော့တယ်....
.
.
.
.
Kim Gyuvinတယောက် hanbinခိုင်းထားတဲ့ကိစ္စလုပ်ပြီးအိမ်ပြန်လာတဲ့အချိန် မိုးကအရမ်းသည်းနေခဲ့တယ် မိုးတိတ်မယ့်ပုံလည်းမပေါ်တာကြောင့် သတိထားပြီး မောငျးလာခဲ့တာ လမ်းတဝက်ရောက်တော့ ကားရှေ့ကိုပြေးလာတဲ့ကောင်လေးတယောက်
gyuvinလည်းလန့်သွားပြီး ကားပေါ်ကဆင်းကာ ထိုကောင်လေးဆီသွားလိုက်တော့တယ် နှစ်ယောက်လုံး မိုးရေတွေလည်းစိုလို့ပေါ့gyuvin:ကောင်လေး ဒါဘာလုပ်တာလဲ အခန့်မသင့်ရင်တိုက်မိသွားနိုင်တာမသိ....
:ကျွန်...ကျွန်တော့ကိုကယ်ပါအုံး
gyuvin:ဟမ်...ဘာပြောတာလဲ
:ကယ်...ကယ်ပါ.....
gyuvin ထိုကောင်လေးပြောတဲ့စကားကိုဆုံးအောင်တောင်မကြားလိုက်ရပါ ထိုကောင်လေးက gyuvin ဆီကိုယိုင်ကျလာတော့သည်...