Zawgyi....
Hao ဟိုတနေ့ညကကိစ္စပြီးကတည်းက hanbinကိုမျက်နှာချင်းမဆိုင်ရဲပေ သူကလည်းသူပဲ ဘာလို့များပြန်နမ်းမိသလဲမသိ haoဘက်ကရှောင်နေတာတပတ်ရှိသွားပြီဖြစ်သည် hanbinကတော့စကားပြောဖို့ကြိုးစားနေပေမယ့် haoကအတွေ့မခံပေ ညဆိုရင်လည်းhanbinပြန်မလာခင်ကတည်းကအခန်းထဲဝင်အိပ်နေသည် hanbinလည်းဘာကြောင့်ဆိုတာသိတာမို့ မစတော့ပေ
knock...knock...
hanbin:hao ကိုယ်ဝင်ခဲ့လို့ရမလား
hao pov:ဟမ်..သူကဘာလာလုပ်တာလဲဟေ တကယ်ပါပဲ
hao:ဟုတ်....
hanbin:အိပ်နေပြီလား
hao:မအိပ်သေးလို့စကားပြောနေတာမဟုတ်ဘူးလား
hanbin:hk...
hanbinက အမြင်ကတ်စရာကောင်းအောင် ရယ်ပြီး haoကုတင်မှာလာထိုင်တယ်
hanbin:ကိုယ်တောင်းဆိုစရာရှိတယ်
hao:ဘာ..ဘာလဲ
hanbin:မနက်ဖြန် ညကျရင် ကိုယ်နဲ့ပွဲတစ်ခုလိုက်တက်စေချင်တယ်
hao:ဘာပွဲလဲ
hanbin:ကုမ္ပဏီတစ်ခုကဖိတ်ထားတဲ့ပွဲ ကိုယ်နဲ့လိုက်ခဲ့ပေးစေချင်တယ် လိုက်ခဲ့ပေးပါနော်
hao pov:ဘာလို့ဒီလောက်တောင်အချိုသတ်နေရတာလဲမသိ လိုက်သွားရင် ငါတယောက်ထဲပျင်းနေရမှာကို
hanbin:ကိုယ်မင်းကိုမပြစ်ထားပါဘူး တယောက်ထဲမဖြစ်စေရဘူးနော်
hao pov:စိတ်ဖတ်တတ်နေတာလား ဒီလူက
hao:ဒါမယ့် အိမ်မှာyujinလေးတယောက်ထဲ...
hanbin:gyuvinရှိတာပဲကို လိုက်ခဲ့ပေးနော်
hao:အွန်း
yujinဆိုတာ ဟိုတရက်ကgyuvinခေါ်လာခဲ့တဲ့ကောင်လေး ထိုကောင်လေးက gyuvinခေါ်လာပြီးနောက်တရက်မှာပဲသတိရလာခဲ့တယ် လက်ကဒဏ်ရာတွေအကြောင်းမေးပေမယ့်လည်း မပြောပြပဲငိုပဲငိုနေခဲ့တယ် hanbinကိုလည်း gyuvinကနေတဆင့် yujinလေးကိုအိမ်မှာပဲနေခိုင်းဖို့ပြောခိုင်းခဲ့တယ် ကိုယ်တိုင်ကမျက်နှာချင်းမှမဆိုင်ရဲခဲ့တာ တပတ်ဆိုတဲ့အချိန်အတွင်းမှာ haoကိုyujinလေးကတော်တော်လေးခင်တွယ်လာခဲ့တယ်