Extra Final

4.9K 146 6
                                    

Unicode

မနက်ရောက်တော့ ထမင်းစားပွဲမှာမိသားစုစုံစုံလင်လင်နှင့်မနက်စာစားနေရင်း Taekookတစ်ယောက် သူ့ပါပါးနှင့်ဒယ်ဒီရဲ့ ညကအကြောင်းကိုစဥ်းစားမိရင်းရယ်မိသွားသည်။

"ခစ် ခစ် ခစ်..."

Taekookထရယ်တော့ အားလုံးရဲ့ အကြည့်က Taekookစီရောက်သွားတော့သည်။

"ကိုကို ဘာတွေရယ်နေတာလဲ... "

Nabiအမေးကို Taekookမှာမဖြေနိုင်သေး သူ့ပါးပါးနဲ့ ဒယ်ဒီကိုကြည့်လိုက်ရယ်လိုက်နဲ့ လုပ်နေတော့သည်။

Taekookကိုကြည့်ကာ Taehyungမှာလည်းကျောမလုံတော့။

Jungkookကတော့ Taehyung မလုံမလဲဖြစ်နေတာကို ရိပ်မိပြီး Taekookကိုလှမ်းငေါက်လိုက်သည်။

"ဟေ့ဟျောင် စားစရာရှိတာ စားစမ်း ဘာကိစ္စ အစားစားနေရင်းရယ်နေတာလဲ ..."

Taekookလည်းသူ့ဒယ်ဒီ ဆူမှ မျက်နှာပိုးသက်လိုက်သည်။

"ကိုကို မြန်မြန်စား ကျောင်းနောက်ကျတော့မယ် ဒီနေ့Nabi စောစောသွားမှရမှာ.."

"နေပါဦး ဘာကိစ္စစောစောသွားမှာလဲ ဘယ်သူနဲ့ချိန်းထားလို့လဲ..."

TaekookအမေးကိုNabiမှာ ပြန်ဖြေရတော့သည်။

"ဘယ်သူနဲ့မှ မချိန်းပါဘူး ကိုကိုရယ် ဒီနေ့စာကြည့်တိုက်သွားမလို့..."

"Nabiနော် ငါလာချောင်းမှာ စာကြည့်တိုက်ဆိုပြီး ကျောင်းကနေ လစ်ထွက်ဖို့တော့မကြိုးစားနဲ့..."

"ကိုကို ကတော့လေ Nabiကိုဆို အယုံအကြည်ကိုမရှိဘူး Nabiဘယ်မှ မလစ်ထွက်ပါဘူး ကိုကိုမယုံရင် လာကြည့်လှည့်..."

"စိတ်ချ ငါ လာကြည့်မှာ..."

Yoongiနဲ့Jiminမှာတော့ Taekookတို့မောင်နှမ နှစ်ယောက်ကိုကြည့်ကာ ပြုံးနေမိသည်။

Taekookလေး Nabiကို သဝန်တိုပုံကိုလည်း သဘောအကျကြီးကျနေတော့သည်။

"ဒယ်ဒီနဲ့ပါပါး သားတို့ သွားပြီနော်..."

"အေးပါ သားရယ် Nabiလေးကို ကောင်းကောင်းခေါ်သွားနော်.."

"Nabiအတွက်က စိတ်ချပါ သားပါရင် Nabiဘာမှမဖြစ်စေရဘူး..."

"ဟုတ်ပါပြီ..."

Sex PartnerWhere stories live. Discover now