🧡အတိတ်မေ့ ခင်ပွန်း🧡Part 1
"မွှေးလိုက်တာ...."
"စားစရာ.....စားစရာ..."
ပေတိပေစုတ်ကောင်မလေးဟာ မြည်နေတဲ့ သူမဗိုက်လေးကို အုပ်ကိုင်ကာ ခြံဝန်းကျယ်ကြီးထဲကို ခွေးတိုးပေါက်လေးမှ တိုးဝင်ခဲ့သည်
လူတချို့ရဲ့ စကားပြောသံတွေ ဆူညံနေတဲ့နားကို သူမရှောင်ဖယ်ကာ အနံ့ရနေတဲ့ဆီကို ခိုးကြောင်ခိုးဝှက်သွားခဲ့သည်
လူတွေက သူမကို သတိမထားမိပါ....
သူတို့မူးနေလို့လည်းဖြစ်လောက်မည်သူမသန့်ရှင်းနေတဲ့ ကြမ်းပြင်အား မြေမှုန်တွေပေပွနေတဲ့ ခြေလှမ်းများနဲ့ ညစ်ပေစေခဲ့သည်
"စားစရာ....စားစရာ..."
သူမမျက်လုံးလေးများ လက်နေပြီး တွေ့ရတဲ့ကြက်ပေါင်အား ကိုက်လိုက်သည်
ထို့နောက်နောက်တစ်ချောင်းကိုယူကာ ထပ်စားလိုက်သည် နောက်ပြီး နောက်တစ်ချောင်း....သူမဟာ ရက်အတန်ကြာငတ်နေခဲ့သလို စားနေခဲ့သည်
လေးချောင်းမြောက်သော ကြက်ပေါင်ကုန်သွားချိန်တွင် သူမဗိုက်လေးအနည်းငယ် ပြည့်သွားသလိုခံစားရသည်
"ဟေး မင်းဘယ်သူလဲ..."
ထိုစဉ်မှာဘဲ သူမနောက်က လူဝင်လာတာကြောင့် မျက်လုံးလေး ပြူးသွားကာ ကြက်ပေါင်တွေနဲ့ အသီးအနှံတွေကို သူမလက်နဲ့ပြည့်သလောက်ယူကာ ထွက်ပြေးရန်ကြံသည်
"ပြေးလို့လွတ်မယ် ထင်လား လာစမ်း..."
ထိုလူဟာ သူမဆံပင်ကို ဆောင့်ဆွဲလေသည်
"အာ့..."
"ဝုန်း ခွမ်း..."
သူမခန္ဓာကိုယ်လေးဟာ တွန်းခံလိုက်ရပြီး ကြမ်းပြင်ပေါ်လဲကျသွားကာ လက်ထဲ စားစရာတွေ လွတ်ကျ ပြန့်ကျဲပြီး ညစ်ပေကုန်သည်
"စားစရာ...စားစရာ..."
သူမက စားစရာကို ရွှေလိုမျိုး ရွတ်ဆိုကာ စားစရာတွေကို လိုက်ကောက်လေသည်
"ဟဲ့ကောင် ဒါဘယ်သူလဲ.."
"အိမ်ရာမဲ့ဘဲ ဖြစ်မယ်..."
"ဟာကွာ ရွံစရာကောင်းလိုက်တာ...သွားစမ်း သွား..."
နောက်ထပ်လူနှစ်ယောက်က ဝင်လာပြီး စားစရာတွေကို ကောက်နေတဲ့ သူမအား ခြေထောက်များနဲ့ကန်တော့သည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....