အပိုင်း - ၁၂၃ ( ဟုန်ကျာလန် ပျောက်သွားပြီ )
( ဘာလို့ ဒီလောက်အမြန်ကြီး ပြေးလာတာလဲ)
"စိတ်မပူလိုက်ပါနဲ့၊ ကုန်းကုန်း။ ဂိုဏ်းချုပ်ချင်က ချီးကြွယ်ဝမ်နဲ့ အရမ်းရင်းနှီးတာမို့ ဧကရာဇ်အရှင်သာ ခုနေ ကြွမလာနိုင်သေးရင် ချီးကြွယ်ဝမ်ကို တစ်ရက်လောက် ဆိုင်းငံ့ပေးဖို့ ပြောပေးခိုင်းပါ့မယ်။ အဲ့လောက်စိုးရိမ်ရမယ့် ကိစ္စကြီးကြီးမားမား မဟုတ်တာမို့ ကုန်းကုန်းလည်း စိတ်မပူလိုက်ပါနဲ့နော့ "
ဝမ်းလျိုနျဲန် ထိုသို့ပြောလာခါမှ ရှစ်ဇီကုန်းကုန်းလည်း သက်ပြင်းရှိုက်ချနိုင်သည်။ သို့သော် စိုးရိမ်စိတ်ကမူ ကြွင်းကျန်နေဆဲ။
"ကောင်းလေစွ၊ ကောင်းလေစွ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ဧည့်ဝတ်ကျေပွန်မှု လစ်ဟာကြောင်း ချီးကြွယ်ဝမ်ဘက်က ယူဆသွားမလားနော်"
"ကျွန်တော် ယွင်လန်မှာနေတုန်းက ချီးကြွယ်ဝမ်ကို တစ်ကြိမ်မက တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူက အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးနဲ့ အခြေအနေအတိုင်း အလိုက်သင့်နေတတ်ထိုင်တတ်တဲ့လူပါ။ ဒီလိုကိစ္စမျိုးကို စိတ်ထဲတောင် ထည့်မထားမယ့်လူရယ်ပါ။ ဒါ့အပြင် အချိန်စောရောက်လာတာ ချီးကြွယ်ဝမ်ကိုယ်တိုင်ဖြစ်ပြီး ဧကရာဇ်အရှင်ဘက် လိုအပ်ချက်ရှိတာ တမင်ဥပေက္ခာပြုနေတာ မဟုတ်တာမို့လို့ ရပါတယ်"
"ဒါဆို ဒီကိစ္စကို အမတ်မင်းဆီ လွှဲအပ်ပေးချင်ပါတယ်ခင်ဗျာ။ ကျွန်တော်မျိုးကတော့ နန်းတော်ဘက် ထပ်သွားစောင့်ကြည့်ပါ့မယ်။ အရှင်မင်းမြတ် ပြန်ကြွလာတာနဲ့ အမတ်မင်းဆီ လာအကြောင်းကြားပေးပါ့မယ်"
ဝမ်းလျိုနျဲမ်လည်း ခေါင်းညိတ်လိုက်ကာ ချင်ရှောက်ယွီနှင့် တွေ့ဆုံရန် သူရိယစန္ဒာတောင်ခန်းပိုင် စံအိမ်တစ်ခုဆီသို့ ကျောက်ယွဲ့နှင့်အတူ ထွက်သွားခဲ့သည်။
****
ရွှေမြို့တော်ထဲရှိ လျို့ဝှက်အိမ်တစ်အိမ်ဝယ် လူနှစ်ယောက်မှာ သိုင်းပညာဖလှယ်နေကြကာ လက်ဖက်ရည်ဗန်းလာချပေးသော ယဲ့ကျင်ရောက်လာမှ လက်စသတ်လိုက်ကြ၏။
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...