Unicode Version
ဒီနေ့က တီချယ်ဒေါ်ပပမျိုးရဲ့သား အလ်ခါ ရဲ့ စွာပန နေ့ဖြစ်သည်။ ရွှေရုပ် ပြန်သတိလည်လာချိန် ဆေးရုံပေါ်မှာဖြစ်နေသည်။ သူမ သိတာ တခုထဲပင်။ မုန့်ဝယ်ပြီး ကားရှိရာသို့ ပြန်အလာ ကားဟွန်းတီးသံနှင့် အတူ လူတယောက်ရဲ့ တွန်းထုတ်မှုကြောင့် ထိတ်လန့်ပြီး။သတိလစ်သွားခြင်း ဖြစ်သည်။
သတိပြန်လည်လာပြီးနောက် သက်လျာ တို့ ပြောပြမှ ထိုနေ့က သူမ သေမလို အခေုအနေထိရောက်ခဲ့ရပြီး သူမ ကို လူတယောက် ကယ်ခဲ့သည်။ ထိုသူက တီချယ်ရဲ့ သားဖြစ်နေသည်တဲ့။ တဆက်ထဲ နေရာမှာတင်ပွဲချင်းပြီး သေဆုံးရသည်ကိုပါ သိရှိခဲ့ရတော့ အတော်လေးကို ရှော့ရသွားသည်။
ထိုနေ့မှပဲ သူငယ်ချင်းတွေထံမှ မွေးနေ့လက်ဆောင်ရရှိထားသည့် ပလက်တီနမ် ဆွဲကြိုးလေး ကျပျောက်ခဲ့ သည်။
တီချယ်နဲ့ မျက်နှာချင်းမဆိုင်သင့် ဘူးဆိုပေမယ့် ဝတ္တရားဆိုတာ ရှိသေး သည်။ ထို့ကြောင့် သက်လျာတို့နှင့် အတူ တီချယ်ရဲ့ အိမ်ကို ရောက်လာခဲ့ ခြင်းဖြစ်သည်။
အနက်ရောင် အထက်အောက် ဝတ်ဆင်ထားပြီး ဆံပင်ကို အားလုံးစုစည်းထားသည်။ ခြံထဲ လှမ်းဝင်လိုက်သည်နှင့် အပြစ်ရှိသလို ခံစားနေရသည့် အခြေအနေကို ရွှေရုပ် ကြောက်ရွံ့မိသည်။
အရင်ကလာဖူးခဲ့ပေမယ့် ယခုမှ ခြံဝန်းကို သေချာဂရုစိုက်မိသည်။ အတော်အသင့်ကျယ်ဝန်းပြီး ဉယာဉ်လေးတခု ရှိနေသည်ပင်။ ကားအဝင်အထွက် ဘေးချက်တချက်မှာ ပင်မြင့်မျိုးနွယ် ကျောက်ထင်းရူးများ အတန်းလိုက်စိုက်ပျိူးထားသည်။ ထိုအလွန်မှ ဉယာဉ်လေး ရှိနေသည်။
ခြံဝန်းထဲတွင် ကား များအတန်းလိုက်စီရပ်ထားသည်။ ကျော်ဇောနိုင်က
"ဝင်ရအောင် တရားနာနေပြီထင်တယ်"
မနက်အစောပိုင်းမို့ တရားနာ အမှီလာခဲ့ခြင်း ဖြစ်သည်။ အိမ်ထဲ ဝင်လာတော့ အောက်ထပ် ဧည့်ခန်းထဲတွင် နိုင်ငံခြားသား တယောက် ထိုင် နေသည်။ ပါးသိုင်းမွေးခပ်ရေးရေး နှင့် အပြာရောင် မျက်ဝန်း ဖြင့် ထို လူကြီးက အပေါ်ထပ်တက်လို့ရကြောင်း လက်နှင့်အမူ အယာပြသည်။

YOU ARE READING
အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)
Spiritualကံကြမ္မာအဆိုးအကောင်းထက် ကျိန်စာ တခုက ပိုအသက်ဝင်တယ် 💘 သူမကို ပိုင်ဆိုင်နိုင်ရမယ် ( အလ်ခါ -ညို့ရစ်တမ်း) ဂေးတွေကိုအမုန်းဆုံးပဲ (ရွှေရုပ်-ဆူးယံပန်း) နှစ်ဘဝဖူးစာ ပါ။ အလ်ခါ -ရွှေရုပ် နဲ့ ညို့ရစ်တမ်း-ဆူးယံပန်း။ Note; Not included Character Episode. Own c...