လူတွေက အချစ်ကိုစာလုံးအမျိုးမျိုးနဲ့
ပုံဖော်ကြတယ်။အချစ်...။
တိုလွန်းသည့်စာသားနှစ်လုံးမျှသာပါသော
အချစ်၏အဓိပ္ပါယ်က နက်နဲလှသည်။တချို့က အချစ်ဆိုတာ"ရယူခြင်း" တဲ့။
ချစ်ခြင်းမေတ္တာတိုင်းမှာရယူပိုင်ဆိုင်ခြင်းဆိုတဲ့စိတ်ဆန္ဒရှိကြပေလိမ့်မည်။ ထုတ်ဖော်ပြီးတော့ပြောပြကြတဲ့ သူတွေရှိသလို ကွယ်ဝှက်သိမ်းဆည်းထားတဲ့ သူများလည်း ရှိကြသည်။
ဘယ်လို ဘဲဆိုဆို ကိုယ်ချစ်တဲ့သူထံက
အချစ်ကို လိုချင်ကြသည်မှာအမှန်ပင်။
ရယူပိုင်ဆိုင်လိုသူတွေရဲ့ အချစ်က ပူလောင်ရစမြဲတဲ့။တချို့က အချစ်ဆိုတာ "ပေးဆပ်ခြင်း" လို့
ခေါင်းစဥ်တပ်ကြသည်။
ရယူပိုင်ဆိုင်လိုခြင်းမရှိကြသလို ချစ်ရသူတွေအတွက် ဘဝတစ်ခုလုံးစုတ်ပြတ်သွားအောင်ထိ
အနစ်ခံပေးဆပ်ခြင်းကို ပြုလုပ်တတ်ကြသည်။
အနားမှာအမြဲအတူရှိနေပေးပြီး ဝမ်းနည်းတဲ့အချိန် ကူနှစ်သိမ့်ပေးမယ်...
လိုအပ်တဲ့ချိန်တိုင်း ကူညီပေးမယ်...
မချစ်မှန်းသိသိရဲ့နဲ့ ဖက်တွယ်ပြီး
လိုသုံးတစ်ယောက်အဖြစ်နေပေးမယ်...
ဒဏ်ရာတွေနဲ့နာကျင်နေရတာတောင်
ဘဝကိုပျော်ပျော်ကြီးပေးဆပ်တဲ့သူတွေ။
သူတို့ရဲ့ နှလုံးသားက အရောင်ဆိုးထားခြင်း
မရှိ...သိပ်ကိုဖြူစင်ကြသတဲ့။ဟော...တချို့ကပြောပြန်သည်။
အခစြျရဲ့အဓိပ်ပါယျက...
"စွန့်လွှတ်ခြင်း"မည်သည်တဲ့။
love is only equal to the pain...
စာသားလေးကရိုးရှင်းတယ်။
အချစ်က နာကျင်မှုနဲ့သာ
တိုက်ရိုက်အချိုးကျသတဲ့။
ချစ်ရသူပျော်ရွှင်ဖို့တွက်ဆိုရင်
သူတို့အချစ်ကိုတောင်ဥပေက္ခာပြုပြီး
သူများလက်ထဲထိုးပေးမယ့်သူတွေ၊
နာနာကျင်ကျင်နဲ့ စွန့်လွှတ်ပစ်မယ့်သူတွေပေါ့။သူတို့အမြဲပြောနေတဲ့ဆောင်ပုဒ်လေး
တစ်ခုရှိတယ်။သူတို့တွေအတွက်
"အချစ်ဆိုတာကိုယ်နဲ့စပြီး
သူများနဲ့အဆုံးသတ်တာမျိုး"...။တချို့အချစ်တွေက အေးချမ်းတဲ့
သဘောဆောင်တတ်သလို
တချို့က ရူးသွပ်ခြင်းကိုလည်း
ကိုယ်စားပြုတတ်ကြသေးသည်။ဘယ်လိုချစ်ခြင်းမျိုးမဆို နှလုံးသားမှ
ဖြစ်ပေါ်လာသော ခံစားချက်များအား
ထွင်းထုကာ "အချစ်"ဟူသော မည်မည်ရရ
မဟုတ်သော စာလုံးနှစ်လုံးအသွင် ဆောင်တတ်ကြခြင်းဖြစ်သည်။
YOU ARE READING
LOVE MEANS
Short Storyoneshotဆိုတဲ့အတိုင်းတကယ်တိုတိုလေးဘဲရေးထားတာပါ...ဖတ်ကြည့်လို့ဘာမှမရရင်တောင်တစ်ခုခုတော့ခံစားမိမယ်လို့ထင်ပါတယ်ဗျာ🖤