◾4◾

5.4K 581 32
                                    

(Unicode)

“Veautiful days with Taehyung” channel ကနေ အသစ်တင်လာတဲ့ video ကို ဂျောင်ဂု အခန်းထဲတွင် တစ်ယောက်တည်း ထိုင်ကြည့်နေမိသည်။

မိမိအမြဲတမ်းကြည့်နေကျဖြစ်တဲ့ channel မှာ ကိုယ်တိုင်ပါလာရတော့ အနည်းငယ် ထူးဆန်းနေသလိုပင်။ တစ်ခါမှ media ရှေ့ ထွက်မပြခဲ့ဖူးတာမို့ ခံစားချက်ကတော့ အစိမ်းသက်သက်ဖြစ်နေသည်။

Video ထဲတွင်တော့ ပါတီတွင် ဘာမှမဖြစ်ခဲ့သည့်အလား ဂျောင်ဂုပုံစံဟာ အေးဆေးတည်ငြိမ်ရင့်ကျက်သော အပြုံးမျိုးဖြင့် တကယ်ပဲ entertainment တစ်ခုလုံးကို ဦးစီးနိုင်တော့မည့်ဟန်။

ဂျောင်ဂု သက်ပြင်းတစ်ချက်ချမိပြီး လူတွေရဲ့ အမြင်ကို သိလိုစိတ်ဖြင့် ထို video အောက်က comment တချို့ကို ဖတ်ကြည့်မိ၏။

'Legend CEO ရဲ့သားက ဘာလို့ အဲ့လောက်ချောနေရတာလဲ ဒီလောက်ချောတဲ့ကောင်‌လေးကို ဥထားတာပဲ'

'ဒီရုပ်ရည်နဲ့ CEO ပဲ လုပ်ရင် အရမ်းနှမျောစရာမကောင်းဘူးလား'

'drama ထဲက သူဌေးသားလေးတွေလိုမျိုး ကွက်တိ အဟိ'

'သေချာကြည့်မှ ဘေးက ထယ်ယောင်းနဲ့တောင် လိုက်နေသလိုပဲ ဟဲဟဲ၊ နှစ်ယောက်လုံးက ချောနေကြလို့လေ'

'ဟဲ့ ကောင်မတွေ မ ship နဲ့.. ငါ့ကလေးက underage ပဲ ရှိသေးတာ'

'ship တာ မ ship တာထက် CEO သားရဲ့ မျက်လုံးကို ကြည့်ဦးလေ၊ ကင်မရာတောင် ကြည့်တာ မဟုတ်ဘူး ထယ်ယောင်းကိုပဲ တချိန်လုံး ကြည့်နေတာကြီး'

'ဂျွန်‌ဂျောင်ဂုက idol မဟုတ်ပေမယ့် fandom name တောင် ရှိသင့်တယ်ထင်တယ် အရမ်းချောတာပဲ'

'ငါ့ရဲ့ အိပ်မက်က ဒီနေ့ကစပြီး ဂျွန်ဂျောင်ဂုနဲ့ လက်ထပ်ဖို့ပဲ'

'ငါတော့ သူတို့နှစ်ယောက် ကြီးလာရင် လက်ထပ်ဖို့ ပိုစိတ်ကူး‌မိတာ'

Comment တွေထဲ သူတို့အမြင်ကို သူတို့ ပွင့်လင်းစွာပြောနေကြသူတွေကြောင့် ဂျောင်ဂု နှုတ်ခမ်းတွန့်ရုံ မဆိုသလောက်လေး ပြုံးရင်း laptop ကို ပြန်ပိတ်လိုက်တော့သည်။ မကောင်းပြောတဲ့သူရယ်လို့ပင် မရှိတာကြောင့် စိတ်သက်သာရာရမိ၏။

You Fill My Heart [Completed]Tempat cerita menjadi hidup. Temukan sekarang