အိမ်သို့ပြန်ရောက်သောအခါ
ကားပေါ်တွင်တလျှောက်လုံး အိပ်ပြီး လိုက်လာသည့်ကောင်လေးအား နှိုးပြီး အိမ်ထဲသို့ဝင်လေသည်
အိပ်ချင်မူးတူးနဲ့ ယိုင်တိုင်တိုင်လျှောက်နေသည့်ကောင်လေးအား အိပ်ခန်းအထိ လိုက်ပို့ပေးပြီး jiwoong သူ့အခန်းထဲသို့ပြန်လာလေသည်
jiwoong: ငါဘာဖြစ်နေပါလိမ့် ထိုကောင်လေးအားမြင်တိုင်း ငါ့ရင်တွေ ဘာလို့အဆမတန်ခုန်လာရတာလဲ
ဟုတွေးပြီး အိပ်ပျော်သွားလေသည်
မနက်ရောက်သော်
jongwoo ထမင်းစားခန်းတွင် အကိုလေးနှင့် hawn hee နှင့် dongyeol hyung တို့အား မနက်စာစားရန်ပြင်ဆင်ပေးပြီး စောင်နေလေသည်
dongyeol: ကလေး နေကောင်းသွားပြီလား
jongwoo: nae hyunghawnhee: ဘာလို့မနက်စာတွေပြင်နေရတာလဲ နေကောင်းခါစကို ကလေးကလည်း
jongwoo: ဒါက jongwoo လုပ်ရမယ့် တာဝန်မို့ပါ hyung ရဲ့
ထိုအချိန်ထမင်းစားခန်းထဲဝင်လာသော jiwoong မှ
jiwoong: နောက်ဆိုမင်း အစောကြီးထပြီး မနက်စာပြင်စရာမလိုတော့ဘူး ကျောင်းသွားနေရတာမလား နေမကောင်းမဖြစ်စေနဲ့
jongwoo: အဒေါ်ကြီး တစ်ယောက်တည်းပြင်ရင်ပင်ပန်းမှာစိုးလို့ပါ အကိုလေးရဲ့
jiwoong: မင်း ငါပြောရင် ဟုတ်ဆိုပြီးပြန်ဖြေပြီး ပြောတဲ့အတိုင်းနေလို့မရဘူးလား အမြဲတမ်းပဲပြန်ပြောနေတော့မှာလား ဟု ဟောက်လိုက်လေသည်
jongwoo: jong လေးကဒီအတိုင်း ဟင့်
jiwoong pov: အရမ်းစိတ်ငယ်တဲ့ကောင်လေးပါလား သူပင်ပန်းမှာစိုစလို့ပြောတာကို အခုတော့ စိတ်မရှည်တဲ့ငါက ဟောက်မိတော့ သူလေးဝမ်းနည်းသွားပြီး မျက်ရည်ကျရပြန်ပြီ
dongyeol: တော်ပါတော့ ကလေးကနေကောင်းခါစမလား jongwoo လေးလည်းမငိုနဲ့တော့ ခေါင်းကိုက်နေမယ် လိမ္မာပါတယ်ကလေးကနော် တိတ်တိတ်
jongwoo: ဟုတ်
ထို့နောက်မနက်စာစားပြီးသောအခါ
jiwoong: ဒီနေ့တရက်လည်း အိမ်မှာပဲ နားတော့ကောင်လေး နောက်တပက်ကျောင်းပြန်ဖွင့်တော့မှပဲ ပြန်တက်တော့ မနက်ဖြန်လည်းကျောင်းပိတ်တယ်မလား
jongwoo pov: ငိုလိုက်မိတော့ ပြန်ဖျားချင်သလိုဖြစ်ပြီး ခေါင်းပါပြန်ကိုက်လာလေသည် ထို့ကြောင့်အကိုလေးပြောသည့်အတိုင်း ကျောင်းမသွားရန်လက်ခံလိုက်လေသည်
jongwoo: nae အကိုလေး
jiwoong: ဒီနေ့ကစပြီး အိမ်အလုပ်တွေလုပ်စရာမလိုတော့ဘူး ကောင်လေး စာသာသေချာလုပ်ကြားလား
jongwoo အံသြသွားပေမယ့်
jongwoo: ဟုတ်ကဲ့အကိုလေး
YOU ARE READING
Love start from hate
Fanfictionwhen love comes kim jiwoong life suddently Mature content