6 | 💙

224 60 24
                                    

리드미컬한 심장 박동,
막연한 생각,
고통스러운 감정
여기에 방이 있었다. 💭

녹색 페이지의 사랑을 인정하고 싶지 않은 회피 ,
끝까지 싸울 것인가? 💚

...

နွေဦးသည်လည်း တဖြည်းဖြည်းနှင့် ကုန်ဆုံးလာခဲ့ပြီဖြစ်ပြီး ၊ တချို့သောခံစားချက်များသည်လည်း အနည်ပင် ပို၍ထိုင်လာခဲ့သည် ။

အစိမ်းရင့်ရောင်စာမျက်နှာတစ်ခု၏ အချစ်အားဝန်မခံချင်ခဲ့သော ရှောင်လွှဲမှုတစ်ခုသည် ၊ အဆုံးစွန်ထိ တိုက်ခိုက်နေမည်လား ။

ပုတ်ခတ်ပြောဆိုနေကြသော လူတချို့၏စကားသံနှင့် ကွယ်ရာတွင်တီးတိုးပြောဆိုနေကြသော စကားများသည် ဂျောင်ဟျွန်းအဖြစ်ချင်ဆုံးသော ဆန္ဒတစ်ခုပင် ဖြစ်ခဲ့၏ ။ ထိုဆန္ဒတစ်ခုတည်းကြောင့်သာလျှင် တမင်ပင် ချွမ်ရွေ့နှင့် တွဲပြခြင်းအမှုအား ပြုလုပ်မိနေသော်ငြား စိတ်ထဲတွင်တော့ ထိုကောင်လေးအား အကြိမ်ကြိမ်အားနာနေခဲ့မိပြီး ၊ တောင်းပန်နေမိခဲ့သည် ။

စူးနင့်စွာကြည့်လာသော မျက်ဝန်းခပ်တောက်တောက်များနှင့် ကော့ညွတ်နေသောမျက်တောင် အစုအဝေးများသည်ကား ဂျောင်ဟျွန်း၏ စိတ်များအား အားပျော့အောင် ပြုလုပ်နေသလိုပါပင် ~

ဖြူဖြူစင်စင်ရှိတဲ့ ကောင်လေးက
စိတ်ပင်ပန်းမှုတွေနဲ့ မလိုက်ဖက်ပါဘူးကွယ်
ဒါကို ကိုယ် ... သိပါတယ်
ကိုယ့်အတ္တတွေ အတွက်တော့
ကိုယ် ... စိတ်မကောင်းဖြစ်မိတယ်

ဂျောင်ဟျွန်း၏အပြုအမူများအား ကြည့်ကာ ချွမ်ရွေ့မှာတော့ အကဲခတ်နေမိခဲ့၏ ။ အပြုအမူများတွင် ရှင်သန်လိုစိတ်ကင်းမဲ့နေပြီး ၊ မျက်ဝန်းများသည်လည်း အသက်မရှိသလိုပင် ဖြစ်နေသောကြောင့် ~

"ခင်ဗျား ... အဆင်ပြေရဲ့လား ၊ အီဂျောင် ။"

အီဂျောင် ဆိုသော အသုံးအနှုန်းကြောင့် ရုတ်တရက်ပင် ဂျောင်ဟျွန်းမှာ ချွမ်ရွေ့ဘက်သို့ ဇက်ခနဲလှည့်ကြည့်လာလေသည် ။ ထို့ကြောင့် ချွမ်ရွေ့ပင် လန့်သွားရလျက် ၊ နောက်သို့ အလောတကြီးဆုတ်မိသွား၍ ကား၏မှန်နှင့်ခေါင်းမှာ သွား၍ ဆောင့်မိသွားတော့၏ ။

blue | jeonghyeon x ricky Where stories live. Discover now