🧡အတိတ်မေ့ ခင်ပွန်း🧡Part 2
"အဖွား ကျွန်တော့်ကိုပေး ကျွန်တော့်ကိုပေး...."
ဒီပယံဟာ ပစ္စည်းတွေ မနိုင်မနင်းသယ်နေတဲ့ အိမ်နီးနားချင်းအဖွားအား ပစ္စည်းတွေ ကူသယ်ပေးလိုက်သည်
"ကျေးဇူးကွယ် လူလေးက တအား စိတ်ထားကောင်းတာဘဲ"
"မလိုပါဘူးဗျာ....."
ကြည်လင်ချိုသာစွာ ပြုံးရယ်ပြီး သူ ထိုအဘွားအား ကူညီပေးခဲ့သည်
သူ့အိမ်ဟာ သူဌေးကြီးလို ခမ်းခမ်းနားနားမဟုတ်ပါ
အသင့်အတင့်သော ခြံဝန်းနဲ့ နှစ်ထပ်တိုက်လေးတစ်လုံးဖြစ်လေသည်"သခင်ကြီး ဒီလိုကိစ္စတွေ ကျွန်တော်လုပ်ပေးလဲရပါတယ်"
"လုလင် မင်းငါ့အကြောင်းမသိတာလဲမဟုတ်ဘူး သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကို ငါကိုယ်တိုင် ကူညီပေးရမှ ကြိုက်တယ်ဆိုတာ..."
ဒီပယံ အားကစားလုပ်လာ၍ ချွေးဆို့နေတဲ့ နှင်းကာjacketအပါးအား ချွတ်လိုက်သည်
"ဟိုကောင်တွေကို ပြန်ခိုင်းထား ဒီကို ခြေတစ်လှမ်းမှ မလှည့်စေနဲ့..."
သူ မနေ့ညက ဒူးထောက်အပြစ်ပေးထားတဲ့ တပည့်တစ်သိုက်အား ပြန်ခိုင်းရန် လုလင်ကို အမိန့်ပေးလိုက်သည်
ရေဖွင့်လိုက်တာနဲ့ ကျလာတဲ့ ရေတွေဟာ သူ့အား လန်းဆန်းအေးမြသွားစေသည်
သူရေချိုးကာ ခေါင်းလျှော်ပြီး ရေငွေ့ရိုက်နေတဲ့ မှန်သားပြင်အား လက်နဲ့သပ်ချလိုက်သည်
သူ့မျက်နှာကပါးသိုင်းမွှေး တချို့ကြောင့် သူ မုတ်ဆိတ်ရိတ်ရန် ပြင်ဆင်လိုက်သည်
၃၀သော အသက်အရွယ်ဟာ သူ့အတွက်တော့ ကိန်းဂဏန်း တစ်ခုသာသာပင် ထုဆစ်ထားတဲ့ ခန္ဓာကိုယ် vလိုင်းတစ်လျှောက် ရေများဟာ စီးကျလို့နေသည်
ကျောပြင်တွင်တော့ နဂါးပုံ တက်တူးဟာ နေရာယူထားပြီး သူ့ရဲ့ မျက်ခုံးဟာ တိကျသေသပ်နေသည်
သူအပြင်ထွက်လာလိုက်ကာ ရှပ်အကျီအဖြူရောင်အား ဝတ်လိုက်ပြီး အောက်က ဘောင်းဘီအနက်အား ဝတ်ဆင်လိုက်သည်

YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romansaစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....