Part 3.2

437 43 3
                                    

Unicode Version

စာမေးပွဲ ပြီး။ ကျောင်းမှ ပထမနှစ်ကျောင်းသူ ကျောင်းသားများ Filed Trip သွားကြသည်။ ရွှေရုပ်တို့ အဖွဲ့မှာတော့ ကျော်ဇောနိုင်၊သက်သက်လျာ၊ရွှေရုပ်နှင့် သူ့ဆရာဝန် မိုးရိပ်၊ ကြယ်စင်ဦး၊သော်တာခင်နှင့် သူမချစ်သူ ကောင်းမော်။

စုစုပေါင်း၇ယောက်ပင်။မနက် အစော ၅ နားရီမှာ သူမကို လာခေါ်သည်။ ‌ကားပေါ်တက်လုဆဲဆဲ

"မေမေမှာတာကို မမေ့နဲ့နော်။ကြားလား"

"ဟူတ်"

"သွားရေးလာရေးမှာလဲ သတိနဲ့သွား၊ ဒရိုက်ဘာကကော ကားမောင်းကြွမ်းကျင်ရဲ့ လား"

ကျော်ဇောက

"ကျွမ်းပါတယ်အန်တီ။ ကျွန်တော့်တို့ အသိထဲကပါ"

ရွှေရုပ်က

"အရမ်းစိတ်မပူပါနဲ့ မေမေ၊ ဒေါက်တာလဲ အတူလိုက်မှာပဲကို၊ ပြီးတော့ အရမ်းလဲမကြာဘူး။ ဘယ်နေရာရောက်ရောက် သမီးဖုန်းပြန်ဆက်မယ်"

မေမေကတော့ မလွတ်ချင်ဘဲလွတ်လိုက် ရလို့လားမသိ။ အမြဲတမ်းမျက်မှောင်ကြီးကုတ် ထားသည်။ ရွှေရုပ် ပြုံးပြီး မေမေ့ပါးလေးကို နမ်းသည်။

"သမီးကို ယုံတယ် မဟုတ်လား"

"ဟူတ်ပါပြီ။ သွားတော့"

"ဘယ်နယောက်လဲ ကားပေါ်မှာ"

"အားလုံး၁၁ ယောက်ပါ" ဟမ်။ ရွှေရုပ် မျက်မှောင်ကုတ်သွားသည်။ ဘယ်လိုလုပ် ၁၁ လဲ။ ပြောတော့ ၇ ယောက်ဆိူ။ သူမေးရင် မေမေက ပိုသံသယဝင်မှာမို့ ။ ငြိမ်နေလိုက်သည်။

"မေမေ သွားပြီ"

"ဂရုစိုက်နော်"

"ဟူတ် မေမေ"

ကားပေါ်တက်လာခဲ့သည်။ အိမ်စီးဇိမ်ခံကား ဖြစ်သည်။ သို့သော် လူ၂၀ လောက် ကျယ်ကျယ်ဝန်းဝန်းထိုင်နိုင်သော ကားပေါ်အရောက် တခါမှ မတွေ့ဖူးသည့် လူသုံးယောက် ကြောင့် ကျော်ဇော ကိုလှည့်ကြည့်လိုက်သည်။

ကျော်ဇောက တဖက်ခြမ်းမှာထိုင်ပြီး သက်လျာနှင့် ရွှေရုပ်က တဖက် ။အလယ်တွင် လူသွားရန်နေရာလွတ်ရှိသည်။

ကားက ငြိမ့်ခနဲမောင်းထွက်လာသည့် အခါ။ သီချင်းသံ ထွက်ပေါ်လာသည်။ ထိုသီချင်းက မြတ်နိုးခွင့် 2 ထဲက ဆောင်းဦးလှိုင်တိူ့ သီဆိုထားသော လွမ်းရယ်မပြေ။

အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)Where stories live. Discover now