Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(၅၆)
ခန်းမအတွင်းက ဝူလင်းယန်ခမျာမှာတော့ လက်သီးကျစ်ကျစ်ဆုပ်ထားပြီး မုယွမ်ယွမ်ရဲ့ကျောပြင်ကိုလှမ်းကြည့်နေခဲ့ပေမဲ့ ရှေ့ကိုလဲတိုးမလာခဲ့ဘူး သူမကိုအတင်းဓမ္မသိမ်းပိုက်လိုက်ချင်ပေမဲ့ သူမပြောသလို သူမကိုတသက်လုံးတွေ့ခွင့်မရတော့တာလဲဖြစ်နိုင်တယ်လေ သူလဲ သူမ မရှိပဲ မနေနိုင်ဘူး ဒါကြောင့် အနဲဆုံးတော့ သူမကိုအမြဲမြင်နေချင်ရင်မိတ်ဆွေဆက်ဆံရေးလောက်တော့ရှိရမယ်လေ အဲ့ဒါကြောင့်ပဲ သူ ရှေ့ကိုဆက်မလှမ်းနိုင်ခဲ့တာပဲ
မုယွမ်ယွမ်ကတော့ အပြင်ကိုထွက်သွားခဲ့ပြီ
သူမရဲ့ဂါဝန်ကိုမလို့ ဟိုတယ်ရှေ့လော်ဘီကိုရောက်လာခဲ့တယ် ဟိုဟိုသည်သည်ကြည့်နေမိပြီး ရုတ်တရက် သူမအကြည့်ကတနေရာကိုရောက်သွားလေတော့
"ဟင်......"
နောက်ကျောကသိပ်ရင်းနှီးနေပြီး ကားကလဲ သူသုံးနေကြကားလိုပဲ
သူကတော့ ဖုန်းပြောနေရင်း သူမကိုကျောပေးထားလေတယ်
မုယွမ်ယွမ် ကြက်သေသေသွားခဲ့တယ်
သူမ တခြားဘယ်နေရာမှ မကြည့်တော့ပဲ သူ့ကိုပဲ ပျောက်သွားမှာစိုးသလိုစိုက်ကြည့်နေကာ မျက်တောင်တောင်မခတ်ရဲလို့ မျက်လုံးတွေတောင်နာလာတယ် ပါးပေါ်ကျလာတဲ့မျက်ရည်တွေကိုလဲ မသုတ်ရဲ လှုပ်ရှားမူ့တခုလေးတောင်မလုပ်ရဲပဲ သူမခြေထောက်တွေကသာအလိုလိုရွေ့လျှားနေခဲ့တယ်
သူဆိုတာသေချာတယ် ဒီတခါတော့ သူမ အမြင်မှားတာမဟုတ်ဘူး
မုယွမ်ယွမ် သူ့နောက်ကျောနားရောက်သွားခဲ့ပြီး သူ့ကိုဆွဲလှဲ့လိုက်ချင်ပေမဲ့ သူမဟုတ်ရင် ဘယ်လိုလုပ်မလဲ သူမ မျော်လင့်နေတဲ့သူမဟုတ်ရင် ဘယ်လိုလုပ်မလဲ သူမရှေ့တင်သေသွားခဲ့တဲ့သူက အခုလိုအရှင်လတ်လတ် ရှိနေခဲ့တယ်တဲ့ ဒါက အိမ်မက်လိုပဲ
သူမ တုန့်ဆိုင်းနေတုန်းမှာပဲ သူက အမှတ်တမဲ့နောက်ကိုလှည့်လာခဲ့တယ်
".........."
"........."
တစ်ယောက်နဲ့တစ်ယောက် အကြာကြီးကြည့်နေမိကြပြီး ထိန်းမရသိမ်းမရထွက်လာတာက လွမ်းဆွတ်ခြင်းတွေပဲ အကြာကြီးစိုက်ကြည့်နေကြပေမဲ့ မလုံလောက်သလိုခံစားရတယ်

YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...