အခန်း - ၄၃
"နောက်နေ့ညဈေးသွားရအောင်နော်လောပန်း"
"ခလေးကိုအခုလဲလိုက်ပို့မယ်လို့ပြောပါတယ်"
"အိမ်ဘေးကပွင့်ပွင့်တို့ကညဈေးမှာတဲ့လေ လွန်းငယ်တို့သွားရင် အတွဲတွေမှန်းသိကုန်မှာပေါ့ဆို"
"ဒီအတိုင်းမုန့်စားကြမှာပဲကိုကွာ မသိလောက်ပါဘူး"
"ထင်လို့လား လောပန်းသဲကဲပုံနဲ့ တစ်ချက်လေးကြည့်တာနဲ့တန်းသိကြမှာ"
"ကိုယ်သဲကဲလို့လား"
"ဟွန်း...အစားစားရင်အငြိမ်မစားရဘူးလေ နှုတ်ခမ်းသုတ်ပေးလိုက်၊ ခေါင်းပုတ်လိုက်၊ လက်လိုက်ကိုင်လိုက်၊ ပါးလိုက်ဖိလိုက်နဲ့ မသဲကဲလို့ဘာလဲပြော"
"အဲ့တာခလေးကြောင့်ပဲလေ"
"လွန်းငယ်ကဘာလုပ်လို့လဲ"
"အစားစားတာကိုချစ်ဖို့ကောင်းအောင်စားတာကိုးကွ အဲ့တော့ကိုယ်ကအူယားတော့ လုပ်မိတာပေါ့"
"ငယ်ငယ်ထဲကဒီအတိုင်းပဲစားတဲ့ဟာကို တအားပိုတာပါဆိုမှအမြင်ကပ်လာပြီနော်...လွန်းငယ်ကိုအရမ်းလဲမြှောက်တာပဲ မနေတတ်တော့ဘူး ဘာမှန်းလဲမသိဘူး"
"ဟားဟား...မမြှောက်ရပါဘူးဗျာ"
ကားမောင်းရင်းရယ်နေသည့်သူဌေးလူကြီးကို လွန်းငယ်မျက်စောင်းငဲ့ငဲ့လေးထိုးလိုက်တော့သည်။ နှုတ်ကထွက်သလို အမြင်မကပ်ပါဘူးနော် ချစ်လိုက်တာမှ တုန်နေအောင်ကိုချစ်တာပါ လောပန်းရေ။
Hotel သို့ပြန်ရောက်သည့်အခါ ကားပေါ်မှမဆင်းသေးပဲ လွန်းငယ်သူဌေးလူကြီးဘက်လှည့်၍ စကားစဆိုလိုက်သည်။
"ဒီညပြန်အိပ်ချင်လို့"
"မရဘူး"
ချက်ချင်းကိုတုံ့ပြန်လာသည့် တိကျသည့်အဖြေကို လွန်းငယ်မကြိုက်ပေ။
"လောပန်းကလဲ"
"မနက်ကပဲစကားများထားတာမလား မတော်လို့အဲကောင်တစ်ခုခုလုပ်လိုက်ရင်ဘယ်လိုလုပ်မလဲ ကိုယ့်ဘေးကလူတွေကစိတ်မှန်ကြတာမဟုတ်ဘူးနော် မရဘူး ကိုယ်ခွင့်မပြုဘူး..."
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်