7 | 💙

233 59 16
                                    

사랑 나눔 자아가 떨어지고 있다 ,
줄기가 예쁘기만 하면 나는 지루할 것이다 ,
자아 나무. ⚡️🌱

...

မိုးများဖွဲဖွဲရွာနေခဲ့ခြင်းသည် လွမ်းဆွတ်မှုအား ပေးနေသယောင်ယောင်ဖြင့် ၊ ရှိသမျှအရာအားလုံးနှင့် အသက်ကိုပါ ပေးချင်လာသော အခိုက်အတန့်လည်း ဖြစ်နေခဲ့ပါ၏ ။

အောက်နှုတ်ခမ်းပါးပါးထက်ရှိ သွေးစွန်းနေသော ဒဏ်ရာလေးသည်တော့ ဂျောင်ဟျွန်းအဖို့ သိပ်မနာသော်လည်း ရင်ဘတ်ထဲရှိ နှလုံးသားမှာတော့ အင်မတန်နာကျင်နေဟန်ရှိသည် ။

လိင်ညွှတ်တိမ်းစောင်းမှုဆိုင်ရာအခြေအနေအား ဖခင်ဖြစ်သူမှာ သိသော်ငြား ၊ ဂျောင်ဟျွန်း၏ လွတ်လပ်နေသော လူငယ်ဘဝအား သူ၏လောဘကြောင့် စတေးစေခဲ့၏ ။ အသက် ၂၂ နှစ်အရွယ်ဖြင့် ချမ်းသာသော ၊ မြို့မျက်နှာဖုံးဟု ခေါ်ဆိုရသောသူ၏ သမီးဖြစ်သူနှင့်ပင် လက်ဆက်ခဲ့ရသော ဂျောင်ဟျွန်း ။

ကိုယ်တိုင်၏လိင်ညွှတ်တိမ်းစောင်းမှုအခြေအနေကြောင့် ၊ တစ်ဖက်မိန်းကလေးအား အားနာနေခဲ့သော်လည်း ထိုမိန်းကလေး၏အကျင့်စရိုက်နှင့် ၊ ကြားတွင် ဖခင်ဖြစ်သူနှင့်ပါ မကင်း ၊ မကင်း ဖြစ်နေခဲ့သော အခြေအနေကြောင့် ဂျောင်ဟျွန်းမှာ စိတ်ပျက်မှုများအပြည့်နှင့်ပင် ယနေ့ ဆယ်နှစ်ကျော်ကြာသည့်တိုင်အောင် စိတ်များမွန်းကြပ်နေခဲ့ရခြင်းပင် ဖြစ်ခဲ့၏ ။

ပြတင်းပေါက်ပေါ်သို့ ကျရောက်နေဆဲဖြစ်သော မိုးစက်ကလေးများအား ကြည့်ကာဖြင့် မျက်လုံးများအား အသာမှိတ်ချလိုက်မိချိန်မှာတော့ ၊ ရှန်ချွမ်ရွေ့ဆိုသော ကောင်လေး၏ မျက်နှာလှလှလေးမှာ ပေါ်လာခဲ့လေသည် ။ ဂျောင်ဟျွန်းတစ်ယောက် ထိုကောင်လေးအား စတွေ့ခဲ့သည့်နေ့မှစ၍ စိတ်ဝင်စားခဲ့သည်ဖြစ်ပြီး ၊ သူ၏အနားတွင်သာ ထားချင်သောစိတ်သည်လည်း ဖြစ်နေခဲ့သောကြောင့် ထိုကောင်လေးအား မရရသောနည်းဖြင့် ကိုင်ချုပ်ထားခဲ့ပါ၏ ။

"ကိုယ်က ... အတ္တကြီးတယ်မလား ၊ ချွမ်ရွေ့ ။ ကိုယ် ... ဝန်လည်းမခံချင်ခဲ့ဘူး ။"

blue | jeonghyeon x ricky Where stories live. Discover now