🧡အတိတ်မေ့ ခင်ပွန်း🧡Part 3
လောကကြီးက ဒီလိုဘဲ အရောင်စုံတတ်သလား.....
လိပ်ပြာလေးတွေ......ခြံဝန်းထဲ သဘာဝရေကန်ငယ်လေး........သစ်ပင်ရိပ်ကြီးအောက်မှာ ပျော်ရွှင်စွာ ပြုံးရယ်ပြီးလှည့်ပတ်နေတဲ့ မိန်းကလေး....သူမဟာ အဝါနုရောင် ဗိုက်ဖုံးအကျီဂါဝန်လေးနဲ့ ရှည်နေတဲ့ လှိုင်းတွန့် ဆံနွယ်တွေဟာ တင်ပါးထိဖုံးနေတယ်
မို့တက်နေတဲ့ ပန်းနုရောင် ပါးပြင်လေး.....
သနပ်ခါးရေးရေးလေးလည်း တင်ထားတယ်ဒီပယံ လက်ထဲက ကိုင်နေမိတဲ့ ဆေးလိပ်ဘူးအား အမှိုက်ပုံးထဲ ပစ်ချလိုက်သည်
ဆေးလိပ်ငွေ့တွေက ကိုယ်ဝန်ဆောင်အတွက် မကောင်းဘူးဆိုဘဲ......
လက်ဖက်ရည်ကို လှမ်းယူနေတုန်းမှာဘဲ အဝါရောင် ပန်းပွင့်လေးဟာ သူ့မျက်စိရှေ့ရောက်လို့လာတယ်
"ဟမ်.."
ဒီပယံ ပန်ပန်အား မေးငေါ့ပြတော့ သူမက သူ့နားကပ်ထိုင်ကာ ခေါင်းလေးစောင်းပေးသည်
အဲ့တာနဲ့သူလည်း ပန်းကိုယူကာ သူမအား ပန်ပေးလိုက်တော့ သူမက ပြုံး၍ သူ့ပေါင်ပေါ်တက်ထိုင်ပြီး သူ့အားဖက်လေသည်
'ဟူးးး သူ သူမရဲ့ ဒီလိုအပြုအမူတွေကို တစ်ပတ်လောက်ထိ ခံနေရပြီးပြီဆိုပေမဲ့ ယခုထိအသားမကျနိုင်သေးပေ...'
သူ သူမရဲ့ ခြေချောင်းလေးထက်က ကျန်နေသေးတဲ့ ဒဏ်ရာပိစိလေးအား ဆေးလိမ်းပေးပြီး ကျေနပ်စွာကြည့်လိုက်သည်
'လူတစ်ယောက်ရဲ့ ခြေချောင်းလေးတွေက အဲ့လောက်လှနိုင်ရလား...'
ထိုစဉ် ခပ်လှမ်းလှမ်းက ပစ္စည်းတချို့ ကိုင်ကာ လျှောက်လာတဲ့ လုလင်ကြောင့် သူခေါင်းငြိမ့်ပြလိုက်သည်
"သခင်ကြီး မှာထားတာတွေပါ"
ထိုအခါ ပန်ပန်က လုလင်အား ကြည့်နေတာကြောင့် သူ လုလင်အား မျက်မှောင်ကြုံ့ကြည့်လိုက်သည်
"လုလင်..."
"အော် ဆောရီး ကိုဒီး..."
"ဒီလိုမှပေါ့ ငါမင်းကို ကိုဒီးလို့ခေါ်ခိုင်းထားတာဘဲ..."
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....