Unicode Version
အမှန်တရား ဆိုတာဘယ်တော့မှပြောင်းလဲသွားခြင်း မရှိ။ လူတယောက် က ဒီလမ်းကိုလျောက်ရမယ်ဆို လျင် နောက်ပြန်လှည့် မရသည့်အကြောင်းအရာများပေါ်ပေါက်လာသည်။ ယခုသည်ပင်၊ မနက်စောစော ခရီးဆက်လာ ခဲ့သည့်တိုင် ရွှေရုပ်ရဲ့ စိတ်ကလေးလံနေသည်။ ညကအိပ်မက်ကြောင့် လားမဖြစ်နိုင်။ သူမ ကြောက်တက်တဲ့သူ မဟုတ်၊
ယခုတော့ မည် ကြောက်စိတ်ဝင်နေမိသည်။ အိပ်မက်ထဲက လူရဲ့ မျက်နှာကမသဲကွဲတော့ဘူးဆိုပေမယ့် ထိုသို့သော ပတ်ဝန်းကျင် ရှင်းရှင်းလင်းလင်း မဖြစ်နေပါ။ သက်ပြင်းချပြီး အပြင်ဘကိုလှမ်းကြည့်နေသည်၊ ကားပေါ်မှ အတူလိုက်ပါလာသူတွေက ဘယ်နေရာ ဘာ ဆိုတာရှင်းပြနေပေမယ့် သူမ နားမှာ ဘာမှမကြားနေပါ။“ရွှေရုပ်”
“ဘာတွေတွေးနေတာလား မနက်ကတဲက မရွင်ဘူး,. မနက်စာလဲ ကောင်းကောင်းမစားဘူး”
ရွှေရုပ် အတွေးလွန်နေရာက သက်လျာကို တချက်လှည့်ကြည့်ပြီးပြုံးရုံသာ ။ အပြင်သို့ ပြန်ငေးကြည့်နေချိန်ပဲ လမ်းကြမ်းသည့်ခရီးဆိုပေမယ့် ကားကောင်းသည့်အတွက် အနည်းငယ်လှုတ်ရုံသာ ထို့ကြောင့် အပြင်ကိုငေးနေသည့် အတွက် လမ်းဘေးက ဘာမဆို မြင်တွေ့နေရသည့်အခါ မျက်ဝန်းထဲ မြင် လိုက်သည်က သစ်ပင်ရိပ်တခုအောက်တွင် သူမတို့ကားကိုအေးအေး လူလူရပ်ကြည့်နေသည့် လူတယောက်။ တောရိုင်းနယ်မြေဖြစ် သည့်အတွက် သစ်တော ဌာနက လူတွေရှိနေတယ် ဆိုတာ သိပေမယ့် ယခုသူမ မြင်တွေ့ လိုက်ရသည့် သူမှာ သူမကို ပြုံးပြသည်။ အသိတယောက် ကပြုံးပြသည့် အပြုံးဖြစ်သည့်အတွက် ရွှေရုပ် မျက်မှောင်ကုတ်မိသည်၊
“သက်လျာ ဟိုလူက”
“ဘယ်သူလဲ”
သက်လျာကို လှည့်ကြည့်ပြီး သူမ မြင်တွေ့လိုက်ရသည့်သူကို ပြမည် အပြု ကားက ကျော်သွားပြီဆိုပေမယ့် ထိုနေရာက လူက ပျောက်ကွယ်သွားရန် အကြောင်း မရှိ။ ထို့ကြောင့်
“ဘာလဲ ရွှေရုပ်”
အချိုးအကွေ့လမ်းကို ရောက်သွားသည့်အတွက် သူမမြင်ခဲ့သည့်နေရာ ကို မျက်နှာချင်းဆိုင် အနေအထားဖြင့် ပြန်မြင်ရသည်။ သိူ့သော် ထိုလူကို မတွေ့။
YOU ARE READING
အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)
Spiritualကံကြမ္မာအဆိုးအကောင်းထက် ကျိန်စာ တခုက ပိုအသက်ဝင်တယ် 💘 သူမကို ပိုင်ဆိုင်နိုင်ရမယ် ( အလ်ခါ -ညို့ရစ်တမ်း) ဂေးတွေကိုအမုန်းဆုံးပဲ (ရွှေရုပ်-ဆူးယံပန်း) နှစ်ဘဝဖူးစာ ပါ။ အလ်ခါ -ရွှေရုပ် နဲ့ ညို့ရစ်တမ်း-ဆူးယံပန်း။ Note; Not included Character Episode. Own c...