"ဦးမာန်..... ပြန်တော့မှာလား"
ပစ္စည်းများကိုသိမ်းနေစဥ် မေးလာသည့်လုပ်ဖော်ကိုင်ဖက်ကို ခေါင်းညိတ်ပြလိုက်သည်။
"လာ...... မပြန်ခင်တစ်ခွက်လောက် သောက်ပါဦး ။ ညကလည်း အေးစိမ့်စိမ့်နဲ့"
တဖွဲဖွဲကျနေတဲ့မိုးကြောင့် ဦးမာန်လည်း မငြင်းဆန်နိုင်။ ကမ်းပေးလာတဲ့အရက်ဖြူကို နှစ်ခွက်လောက်မော့သောက်လိုက်သည်။
"ပြန်ပြီ ကိုဦးရေ...... အချိန်ထပ်ဆွဲလို့မရတော့ဘူး အိမ်မှာသားလေးတစ်ယောက်တည်းကျန်နေခဲ့တာ"
"ခင်ဗျားကတော့ဗျာ သွား သွား"
လုံခြုံရေးဝန်းထဲမှထွက်လာချိန်မှာတော့ ညဆယ့်တစ်နာရီထိုးနေချေပြီ။
မာန်က နေ့ဘက်တွင် ဆိုက်ထဲတွင်အလုပ်ကြမ်းလုပ်ပြီး ညဘက်ဆိုအချိန်ပိုင်းလုံခြုံရေးဝန်ထမ်းလုပ်သူဖြစ်သည်။ တာဝန်လဲချိန်က အမြဲတမ်းကိုးခွဲဖြစ်သော်ငြား ယနေ့မှာတော့ နောက်ကျသွားခဲ့သည်။
နာမည်ရှေ့ဦးတပ်ခေါ်ပေမယ့် သူ့အသက်က ၄၀ဝန်းကျင်သာရှိသေးပြီး အသားညိုညိုနဲ့ ကြည့်ကောင်းတဲ့ဘော်ဒီအချိုးစားမှာ ရှည်လျားတဲ့ခြေတံများ ရှိ၏။
ကိတ်မုန့်ဆိုင်ရှေ့ကအဖြတ် သူခဏတွေးပြီးနောက် စတော်ဘယ်ရီသီးဖြင့်အလှဆင်ထားသော ပန်းရောင်ကိတ်လေးတစ်လုံးကို ဝယ်လာခဲ့လိုက်သည်။
သူ့သားက နည်းနည်းလေးတော့ အချိုကြိုက်တတ်တာမို့။
........
........သာမန်အိမ်ရာဝန်းရှိ တတိယအဆောက်အအုံ၏ ရှစ်ထပ်မြောက်ကိုရောက်သောအခါ အိတ်ထဲကသော့ကိုထုတ်ပြီး ဖွင့်လိုက်သည်။
အိပ်ခန်းသည် မီးလင်းနေဆဲဖြစ်သည်။ ဦးမာန် သော့ကိုပစ်တင်ပြီး ဖိနပ်ချွတ်၍ သူ့သားအိပ်ခန်းဆီလျှောက်သွားလိုက်သည်။
ဒေါက်! ဒေါက်!
"မိုးညတာ...... မအိပ်သေးဘူးလား ဘယ်အချိန်ရှိနေပြီလဲ"
ချောက်ခနဲအသံနဲ့အတူ အခန်းမီးကပိတ်ကျသွားလေသည်။
"ဖုန်းခိုးသုံးနေရင် မနက်ဖြန်တွေ့မယ်"

YOU ARE READING
papa loves me (completed)
Short Storyအဖေနဲ့သား Incestပါ ရိုင်းစိုင်းကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့အပြာစာပါ